နတ်မောက်မြို့၌ ကျောင်းသား/သူ များအား လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ပြုလုပ်

နတ်မောက် မတ်၂၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦး စီးဌာနတို့ ပူပေါင်း၍ ယနေ့နံနက် ၁၁နာရီအချိန်က နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံး ခန်းမတွင် ကျောင်းသား/သူ များအားလူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာခင် ကကျောင်းသား/သူ များအား ဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်နှင့် လူငယ်နဲ့ ရည်မှန်းချက်၊ လူငယ်နဲ့ကြီးပွားရေး၊ စာတတ်ဖို့သာမကပညာတတ်ဖို့သာ အဓိကစ သည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းသား/သူ များက လည်းလူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ အတွင်း ပြသထားသည့် ပြတိုက်ငယ်၊ ပြည်သူ့စာကြည့်တိုက်၊ အားကစားခန်းမ၊ ကွန်ပျူတာသင်တန်းခန်းမ စသည်တို့ကို ကျောင်းသား/သူ များက ကြည့်ရှု ခဲ့ကြရာ ကွန်ပျူတာသင်တန်းတွင် တက်ရောက်မည့်ကျောင်းသား/သူ များကလည်း အမည် စာရင်းနှင့် နေရပ်လိပ်စာတို့ကို တစ်ခါတည်းအမည်စာရင်းများပေးခဲ့ပြီး မြို့နယ် ပြန်/ဆက် ဝန်ထမ်းများက အမည်စာရင်းများကို ရေးမှတ်ခဲ့ကြကြောင်း သိရသည်။

လှဝင်း