သံဖြူဇရပ် မတ် ၂၁
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ဘဘာဝဘေးအန္တရာယ်များ ဝင်ရာက်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သံဖြူဇရပ်မြို့နယ် မီးသတ်ဦးစီးဌာနက ယနေ့မှစ၍ အသင့်စုဖွဲ့ပြင်ဆင် ထားရှိကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်း နေထိုင်သောပြည်သူများ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မြစ်ကမ်းအနီးနေထိုင်သူများ၊ ရေလုပ်သားများ၊ မော်တော်များနှင့် သစ်ပင်ကြီးများအနီးတွင် နေထိုင်သူများအနေဖြင့် မုန်တိုင်းကျရောက်ချိန် အန္တရာယ်ကင်းရှင်းစေရန် သတိပြုနေထိုင်ကြရန်နှင့် ရုံးဌာန အဆောက်အဦများတွင် အရေးကြီးစာရွက်စာတမ်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရန်အတွက် ကြိုတင် သိမ်းဆည်းထားကြရန်၊ တောင်ကျချောင်းဘေး နေထိုင်သူများ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သဖြင့် အန္တရာယ်ကင်းရာတွင် နေထိုင်ကြရန်၊ ကျွဲ၊ နွားတိရစ္ဆာန်များ လေမိုးလွတ်ရာနေရာတွင် ပြောင်းရွေ့ထားရှိကြရန်နှင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရန် အမိုးအကာအောက်သို့ ကြိုတင်ပြောင်းရွေ့ထားကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့က အသိပေးနှိုးဆော်ထားပြီး မြို့နယ်အတွင်းရှိ နယ်မြေမီးသတ်စခန်းများနှင့် ရပ်ကွက်/ ကျေးရွာ အုပ်စုများရှိ အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိကြောင်း မြို့နယ် မီးသတ်ဦးစီးအရာရှိ ထံမှ သိရသည်။
အေးအေးမွန်(ပြန်/ဆက်)