သတင်းများ

ပုဏ္ဏားကျွန်းမြို့၌ စားသုံးသူအခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Mar 21,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စားသုံးသူအခွင့်အရေးများနှင့် ပြည်သူများ အကျိုးစီးပွား လုံခြုံစိတ်ချမှုရှိစေရန် ရည်ရွယ်၍ စားသုံးသူအခွင့်အရေးများဆိုင်ရာ အသိညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
ကွတ်ခိုင်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသော အသက်(၂)နှစ်အောက်ကလေးငယ်များ (MCCT) အကျိုးခံစားခွင့်ရှိသူများအား ထောက်ပံ့ကြေးပေးအပ်
Mar 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ သုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ‌ မွေးဖွားသည့်အသက်(၂)နှစ်အောက် ကလေးသူငယ်များအား MCCTအစီအစဉ်ဖြင့် ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယနေ့နံနက်က (၁၀)နာရီအချိန်က ရပ်ကွက်(၁)နှင့်၊ ရပ်ကွက်(၅)အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် စာရေးဝန်ထမ်းများက လက်ဝယ်အ‌ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြဝတီမြို့တွင် ကျောင်းသားလူငယ်များ အသိပညာဉာဏ်ပညာ တိုးပွားစေရေးလူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 21,2022
နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေး လျက်ရှိသကဲ့သို့ ကျောင်းသား၊ ကျောင်သူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန်နှင့် ဘဝရည်မှန်းချက် ပန်းတိုင် များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင် ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပေးသည်။
ကျောက်မဲမြို့တွင်အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ ( International Day of Forests ) အထိမ်းအမှတ် အခမ်းအနားကျင်းပ
Mar 21,2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ ( International Day of Forests ) အထိမ်းအမှတ် အခမ်းအနားကို ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်ကကျင်းပခဲ့ရာ ကျောက်မဲခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲ များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
(၇၇)နှစ်​မြောက် တပ်မ​တော်​နေ့အထိမ်းအမှတ် လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Mar 21,2022
ရန်ကုန်တိုင်း​ဒေ​သကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ (၇၇)နှစ်​​မြောက် တပ်မ​တော်​နေ့အထိမ်းအမှတ် အသိပညာ​ပေး (Talk  Show)ကျင်းပ​ဆောင်ရွက်ခြင်းကို ယနေ့မွန်လွဲ (၁) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centre ၌ ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
ပေါင်မြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေး လှည့်လည် နှိုးဆော်ခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Mar 21,2022
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေး လှည့်လည် နှိုးဆော်ခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ပင်လယ်ကမ်းခြေနှင့် ထိစပ်နေသော ကျေးရွာများသို့ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေးနှိုးဆော် ခဲ့ကြသည်။
မုံရွာမြို့နယ် သစ်တောဦးစီးဋ္ဌာန၌ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနား ကျင်းပ
Mar 21,2022
မုံရွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှဝင်းအောင်သည် ယနေ့ နံနက်(၁၀) နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် သစ်တောဦးစီးဋ္ဌာနရုံး အစည်းအဝေးခန်းမတွင် မျှတဆင်ခြင်ထုတ်သုံးလျှင်သစ်တောများ တည်မြဲထာဝစဉ်" ဖြစ်ပြီး သစ်တောသယံဇာတများအား ထာဝစဉ်တည်တံ့စေရန်အတွက် စနစ်တကျ ထိန်းသိမ်းရန်နှင့် စနစ်တကျ ထုတ်ယူသုံးစွဲနိုင်ရန်အတွက် အဓိကရည်ရွယ်ပြီး ကျင်းပ ပြုလုပ်သော ၂၁.၃.၂၀၂၂ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သစ်တော များနေ့အခမ်းအနားသို့ တက်ရောက်အမှာ စကားပြောကြားခဲ့သည်။
လွိုင်လင်မြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Mar 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်များအကျင့်စာရိတ္တ‌ ကောင်းမွန် စေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေး၊ ဘက်စုံထူးချွန်သူများ‌‌ပေါ်ထွန်းလာ‌စေရေးနှင့် နိုင်ငံအတွက် အားထား ရသည့် သားကောင်းသမီးမွန်များ ဖြစ်ထွန်းလာ‌စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ပြုလုပ်ကြောင်းသိရသည်။