ရန်ကုန် မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေး (Talk Show)ကျင်းပဆောင်ရွက်ခြင်းကို ယနေ့မွန်လွဲ (၁) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centre ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
ဆွေးနွေးပွဲတွင် စာရေးဆရာ ဦးထင်ကျော်မိုး(မြေလတ်ထင်ကျော်မိုး)က ၂၀၂၂ခုနှစ်တွင် မတ်(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏အစဉ်အလာကောင်း(၁၂)ရပ်၊ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအ ခန်းကဏ္ဍတွင် တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊ တပ်မတော်အနေဖြင့် အမျိုးသားရေးလုပ်ငန်း စဉ်များနှင့် နိုင်ငံတော်အတွက် အမျိုးသားအကျိုးစီးပွားနှင့် စစ်ရေးစွမ်းအား ကာကွယ်စောင့်ရှောက်နေမှုများ၊ အင်းအားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်ကြီး တည်ဆောက်နေမှုများ၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဆိုသည့်အတိုင်း တပ်မတော်နေ့ဖြစ်ပေါ်လာပုံ အဆင့်ဆင့်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ယနေ့အချိန် ကာလတွင်တပ်မတော်မှ တာဝန်ယူဆောင်ရွက်နေ့သည့်၊ လူမှုရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးအစရှိသည့်၊ တပ်မတော်နှင့်ပတ်သက်သော အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးကို ရည်ရွယ်၍ အဆိုပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အောင်မြင့်