သတင်းများ

အိမ်မဲမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်ခန့်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
တမူးမြို့နယ်တွင် မိဘပြည်သူများသို့ အသိပေးကြေငြာခြင်း မြေစိုက်ပိုစတာများ စိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ
Mar 22,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တမူးမြို့နယ်ဦးစီးမှူးရုံးမှ မိဘပြည်သူများသို့ အသိပေးကြေညာခြင်း မြေစိုက်ပိုစတာများ စိုက်ထူခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မတ်လ(၂၁)ရက်နေ့ နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် မုန်တိုင်းအန္တရာယ်အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Mar 22,2022
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေးလှည့်လည် နှိုးဆော်ခြင်းနှင့် ကြိုတင် ပြင်ဆင်ခြင်း လုပ်ငန်းများကို ယမန်နေ့မွန်းလွဲပိုင်းက မြို့ပေါ် ရပ်ကွက်နှင့် မြစ်ကမ်းပါးနှင့် ထိစပ်နေသော ကျေးရွာများသို့ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခဲ့ကြသည်။
မြန်အောင်မြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Mar 22,2022
အားကောင်းသောမုန်တိုင်းငယ် (Deep Depression)၏ လက်ရှိအခြေအနေမှာ မုန်တိုင်း၏ အဝန်းအဝိုင်းသည် မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီးကို ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည့် အခြေအနေဖြစ်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ပါသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အားကောင်းသောမုန်တိုင်းငယ် သတိပေးချက် အမှတ်စဉ်(၁၅/၂၀၂၂) (၂၀၂၂ ခုနှစ်၊ မတ်လ (၂၂)ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ထုတ်ပြန်ထားကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့ ဆင်(၂)ကောင်ရပ်ကွက်လမ်းအားကတ္တရာထပ်ပိုးလွှာ ခင်းပေးခြင်းလုပ်ငန်းများရာနှုန်းပြည့်ပြီးစီး
Mar 22,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် မြို့တွင်းလမ်းများအား ကတ္တာထပ်ပိုးလွှာခင်းပေးခြင်း၊ သောက်သုံးရေများဖြန့်ဝေခြင်း၊ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဆင်(၂)ကောင်ရပ်ကွက်၊ နယ်မြေ(၃)လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီပြီဖြစ်ကြောင်း သိရှိရသည်။
ကော့သောင်းမြို့၌ ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 22,2022
ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတစ်ရပ်ကို မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အလက(၂) ရွှေမင်းဝံကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့၌ ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်
Mar 22,2022
ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုက်နယ်ကျန်းမာရေး ဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါကြိုတင်ကာကွယ်‌ရေး အသိပညာ‌ပေး (Talk Show) ကို ယမန်‌နေ့က လူထု အခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ပန်းတောင်း​မြို့နယ်တွင် ဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အသင့်စုဖွဲ့ထားရှိ
Mar 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ ယမန်နေ့ နံနက်ပိုင်းပိုင်းမှစ၍ အသင့်စုဖွဲ့ထားရှိကြောင်း သိရသည်။