ကျိုက်လတ်မြို့နယ်၌ အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်နှင့် ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံ အသိပေးနှိုးဆော်
Mar 22,2022
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အားကောင်းသော မုန်တိုင်းငယ်သတိပေးချက် ထုတ်ပြန်ထားသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်အတွင်း သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မုန်တိုင်းအန္တရာယ် သိရှိစေရန်အတွက် ယမန်နေ့ ညနေ ၆ နာရီခန့်က မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံအသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။