ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ မသန်စွမ်းသူများအား ထောက်ပံ့ပွဲကျင်းပ
Mar 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့ မွန်းလွဲပိုင်းက ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ရေကြည်မြို့နယ်ရုံးခွဲမှ ငါးသိုင်းချောင်းမြို့ရှိ မသန်စွမ်းသူများ အား ထောက်ပံ့ခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။