ကွတ်ခိုင် မတ် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ သုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားသည့်အသက်(၂)နှစ်အောက် ကလေးသူငယ်များအား MCCTအစီအစဉ်ဖြင့် ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယနေ့နံနက်က (၁၀)နာရီအချိန်က ရပ်ကွက်(၁)နှင့်၊ ရပ်ကွက်(၅)အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် စာရေးဝန်ထမ်းများက လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ်တွင် အကျိုးခံစားခွင့်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်(၈၇၅)ဦး၊ အသက်(၂)နှစ် အောက်ကလေးငယ် (၄၉၈)စုစုပေါင်း (၁၃၇၃)ဦးအတွက် ငွေကျပ် သိန်းပေါင်း (၆၀၅၂၅၀၀၀/-)သိန်းထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများတွင်လည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်မှာ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များ သေဆုံးမှုနှုန်း လျော့ကျနိုင်စေရန်၊ မိခင်ရောကလေးပါကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့်အစားအစာများ စားသုံးနိုင်စေရန်၊ အသက်အရွယ်ကြီးရင့်လာသည့်အချိန်တွင် နာတာရှည်ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျစေရန်၊ မိသားစုစီးပွားရေးထိခိုက်မှု လျော့နည်းသက်သာစေရန်၊ ကျန်းမာသန်စွမ်းသောနိုင်ငံသားကောင်း ရတနာများပေါ်ထွန်းလာကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် စွမ်းအားပြည့်ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
ဌေးဌေး (ကွတ်ခိုင်)