ပုဏ္ဏားကျွန်းမြို့၌ စားသုံးသူအခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ပုဏ္ဏားကျွန်း မတ် ၂၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စားသုံးသူအခွင့်အရေးများနှင့် ပြည်သူများ အကျိုးစီးပွား လုံခြုံစိတ်ချမှုရှိစေရန် ရည်ရွယ်၍ စားသုံးသူအခွင့်အရေးများဆိုင်ရာ အသိညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဆွေက Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ပုဏ္ဏားကျွန်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှမောင်အေးက တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် စားသုံးသူ အခွင့်အရေးများဆိုင်ရာ စားသုံးသူတို့၏ နစ်နာဆုံးရှုံးမှုများကို တိုင်ကြားဖြေရှင်းနိုင်ရေးအတွက် တိုင်ကြားမှုနှင့် လက်ခံဆောင်ရွက်ရေး စင်တာ CICC (၄၈)ခု ဖွင့်လှစ်ထားရှိပြီး၊ စစ်တွေမြို့တွင်လည်း စင်တာတစ်ခု ဖွင့်လှစ်ထားရှိပါကြောင့်၊ ပုဏ္ဏားကျွန်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် စားသုံးသူများအတွက် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည်ဝန်ဆောင်မှုအား ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုခွင်ရရှိခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန် စဉ်ဆက်မပြတ် We Love Ponnagyn Facebook Page တွင် အွန်လိုင်းမှတဆင့် ရိုက်ကူးထုတ်လွှင့် ပေးလျက်ရှိကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)