မုံရွာ မတ် ၂၁
မုံရွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှဝင်းအောင်သည် ယနေ့ နံနက်(၁၀) နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် သစ်တောဦးစီးဋ္ဌာနရုံး အစည်းအဝေးခန်းမတွင် မျှတဆင်ခြင်ထုတ်သုံးလျှင်သစ်တောများ တည်မြဲထာဝစဉ်" ဖြစ်ပြီး သစ်တောသယံဇာတ များအား ထာဝစဉ်တည်တံ့စေရန်အတွက် စနစ်တကျ ထိန်းသိမ်းရန်နှင့် စနစ်တကျ ထုတ်ယူသုံးစွဲနိုင်ရန်အတွက် အဓိကရည်ရွယ်ပြီး ကျင်းပ ပြုလုပ်သော ၂၁.၃.၂၀၂၂ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သစ်တော များနေ့အခမ်းအနားသို့ တက်ရောက်အမှာ စကားပြောကြားခဲ့သည်။
ရှေးဦးစွာ မုံရွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က(၂၁.၃.၂၀၂၂)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အတွက် ချမှတ်ထားသည့် ကုလသမဂ္ဂသစ်တောဖိုရမ်၏ ဆောင်ပုဒ်မှာ “မျှတဆင်ခြင်ထုတ်သုံးလျှင်သစ်တောများ တည်မြဲထာဝစဉ်” ဖြစ်ပြီး မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုမှာ ကုလသမဂ္ဂစားနပ် ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ FAO ၏ (၂၀၂၀)ခုနှစ် ကမ္ဘာ့သစ်တောများ အခြေအနေအစီအရင်ခံစာအရ သစ်တောဖုံးလွှမ်းမှုအား လေ့လာကြည့်မည်ဆိုလျှင် (၂၀၁၀)ခုနှစ်မှာ နိုင်ငံဧရိယာ၏(၄၆.၉၆%) (၂၀၁၅)ခုနှစ်မှာ (၄၂.၉၂%)နှင့် (၂၀၂၀)ပြည့်နှစ်မှာ (၄၂.၁၉%)အသီးသီးရှိကြောင်း၊ ၂၀၁၀-၂၀၂၀ခုနှစ်အတွင် နှစ်စဉ် ပျမ်းမျှ သစ်တောပြုန်းတီးမှုမှာ နိုင်ငံဧရိယာ၏ (၀.၉၆%)ရှိခဲ့ပြီး နှစ်စဉ်ပျမ်းမျှ (၇၁၄၁၃၄)ဧက ပြုန်းတီးခဲ့ကြောင်း ခန့်မှန်းသိရှိရပါကြောင်း၊ မုံရွာမြို့နယ် သစ်တော ဦးစီးဋ္ဌာနအနေဖြင့် ပျက်စီးသွားသောသစ်တောများ ပြန်လည်ဖြည့် တင်းစိုက်ပျိုးနိုင်ရေး၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးကို အထောက်အကူပြုနိုင်ရေးနှင့် မြို့နယ် စိမ်းလန်းစိုပြည်ရေးအတွက် (၂၀၂၁-၂၂)ဘဏ္ဍာနှစ်တွင် ပျိုးပင်ပေါင်း (၁၂၆၈၆ဝ)ပင် ပျိုးထောင်ထားရှိကြောင်းနှင့် ၎င်းပျိုးပင်များအား မုံရွာ-ယင်းမာပင်ခရိုင်၊ မုံရွာမြို့နယ် သစ်တောဦးစီးဋ္ဌာန၊ ဦးစီးအရာရှိ ရုံးဝန်းအတွင်းရှိ နန္ဒဝန်ပျူယျာဉ် ပျိုးစဉ်အမှတ် (၁)၊ (၂)၊(၃)တို့တွင် ပျိုးထောင်ထားရှိပြီး ပျိုးပင်ပေါင်း (၁၂၆၈၆၀)အနက် လူထုဖြန့်သစ်မျိုးစုံ (၁၈)မျိုး(၆၈၇၈၀)ပင် အားမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ဋ္ဌာနဆိုင်ရာရုံးများ ၊တပ်ရင်းတပ်ဖွဲ့များ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီး ကျောင်းများနှင့်လမ်းဘေးဝဲယာ တစ်အုပ်တစ်မစိုက်ခင်းများတွင် စိုက်ပျိုး နိုင်ရေးအခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ ၎င်းအပြင် မုံရွာမြို့နယ်သစ်တော ဦးစီးဋ္ဌာနအနေဖြင့် (၂၀၂၁-၂၂) ဘဏ္ဍာရေးနှစ်တွင် မုံရွာမြို့နယ်ဗောဓိတစ်ထောင် အဆိုပြုသဘာဝ ကြိုးဝိုင်းအတွင်း၌ (၁/၂၀၂၂) ကျေးရွာထင်းစိုက်ခင်း (၂၀)ဧကနှင့် ချောင်းဦးမြို့နယ် နွယ်ခွေကြိုးပြင် ကာကွယ် တောအတွင်း (၂/၂၀၂၂) ကျေးရွာထင်း စိုက်ခင်း (၂၀)ဧက စုစုပေါင်း (၄၀)ဧက ပျိုးပင်ပေါင်း (၅၈၀၈၀)ပင်အား တည်ထောင် စိုက်ပျိုးသွားမည်ဟု သိရှိရပါကြောင်း၊ ၎င်းစိုက်ခင်းဧက (၄၀)အနက် (၁/၂၀၂၂) ကျေးရွာထင်းစိုက်ခင်း (၂၀)ဧကအားမြိုင်စီကျေးရွာသို့ လည်းကောင်း၊ (၂/၂၀၂၂) ကျေးရွာထင်း စိုက်ခင်း (၂၀)ဧကအား ထီးကျုံးကျေးရွာသို့လည်းကောင်း လွှဲပြောင်းပေးအပ်မှာ ဖြစ်ကြောင်း၊ (၂၀၂၁-၂၂)ဘဏ္ဍာနှစ်မေလနောက်ဆုံး အပတ်တွင်ဖြန့်ဝေ စိုက်ပျိုးနိုင်ရေးအတွက် ပျိုးထောင်ထားရှိသောပျိုးပင်ပေါင်း (၁၂၆၈၆၀)ပင်အား ၂'နှင့်အထက် ပျိုးပင်များ ရရှိနိုင်ရေး ပြုစုပျိုးထောင်လျက်ရှိကြောင်း သိရှိရပါကြောင်း၊ လာမည့်မိုးရာသီတွင် အကောင်အထည်ဖော် ဖြန့်ဝေစိုက်ပျိုးမည့် သစ်တောသစ်ပင်များနှင့် ပတ်သက်၍ မုံရွာမြို့နယ် စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောသစ်ပင်များအား စိုက်ပျိုး၊ ပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းများအား ဝိုင်းဝန်းကူညီပါဝင် ဆောင်ရွက်ပါစို့လို့ တိုက်တွန်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး မုံရွာမြို့နယ်သစ်တောဦးစီးဋ္ဌာန ဦးစီးအရာရှိ ဦးကျော်ဇင်ထွန်းက အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အခမ်းအနား ကျင်းပရခြင်းအကြောင်းအား ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းတင်ပြီး တက်ရောက်လာကြသည့် မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဋ္ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြား ထားသော ဧည်သည်တော်များက ၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တော များနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် သက်ဆိုင်သည့် Video Clip ပြသမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)