သတင်းများ

ပလောက်မြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/သူများ စတင်ဖြေဆို
Mar 31,2022
တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင်၊ ပလောက်မြို့၌ ၂၀၂၂ ခုနှစ်  ယနေ့ နံနက်(၉)နာရီတွင် ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာဘာသာရပ် စတင်ဖြေဆိုလျက်ရှိရာ  ကျောင်းသား/ ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။
ဇီးကုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲများ အေးချမ်းစွာစတင်ဖြေဆို
Mar 31,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်  ၉ နာရီမှစတင်၍ ကျောင်းသား ကျောင်းသူများသည် စာစစ်ဌာသုံးခုတွင် အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိသည်။
ကျွန်းစုမြို့တွင် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ပထမရက် မြန်မာစာဘာသာကို ကျောင်းသား/သူများ စတင်ဖြေဆို
Mar 31,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမရက် မြန်မာစာဘာသာကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ ကျောင်းသား/သူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့နယ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲစတင်ဖြေဆို
Mar 31,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်ရှိ ၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာတက္ကသိုလ်ဝင်ခွင့် စာမေးပွဲအား ယနေ့ နံနက် (၉)နာရီ မှ စတင်ကာ စာစစ်ဌာနအလိုက် ကျောင်းသား/သူများ စတင်ဖြေဆိုကြကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ (မြန်မာစာ) ဘာသာ စတင်ဖြေဆို
Mar 31,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၁-၂၀၂၂  ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ (မြန်မာစာ) ဘာသာကို အ.ထ.က(မယ်စဲ့) စာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီမှ စတင်၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန် မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ ဖြေဆို
Mar 31,2022
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကိုဗစ်-၁၉ ရောဂါ လမ်းညွှန်ချက်၊ စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက် ၉ နာရီ အချိန်မှစတင်၍ အေးချမ်းစွာဖြေဆိုလျက် ရှိကြောင်း သိရသည်။
နမ္မတူမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျောင်းသား ကျောင်းသူ ၂၂၉ ဦး ဝင်ရောက်ဖြေဆိုပြီး ဖြေဆိုရာခိုင်နှုန်း ၉၀.၅၁ ရာခိုင်နှုန်းရှိ
Mar 31,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ (၃၁)ရက်နေ့ နံနက် (၉)နာရီမှစ၍ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကျောင်းသား ကျောင်းသူ ၂၂၉ ဦး စိတ်အေးချမ်းမြေ့စွာဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 31,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၃၁ရက်နံနက်၉နာရီက တက္ကသိုလ်ဝင်ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။