သတင်းများ

ရွှေတောင်မြို့၌တက္ကသိုလ်ဝင်တန်းစာမေးပွဲ‌ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိ
Mar 31,2022
ပဲခူးတိုင်းဒေသကြီး ​ပြည်ခရိုင် ရွှေတောင်မြို့၌ မတ်လ ၃၁  ရက်မှ ဧပြီလ ၉ ရက်နေ့ အထိကျင်းပမည့် ၂၀၂၁-  ၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစတင်၍ သက်ဆိုင်ရာစာစစ်ဌာနများတွင် အေးချမ်းစွာ ​​ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့ရှိ စာစစ်ဌာနများ၌၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာ​မေးပွဲကျင်းပ
Mar 31,2022
၂၀၂၁-၂၀၂၂ပညာသင်နှစ်အတွက်တက္ကသိုလ်ဝင်စာ​မေးပွဲများကို မတ်လ (၃၁)ရက်​နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျင်းပလျက်ရှိရာ ပိုင်ကျုံမြို့တွင်လည်း​ကျောင်းသား၊​ကျောင်းသူများ  တည်ငြိမ်​အေးချမ်းစွာ ​ဖြေဆိုလျက်ရှိ​ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် သံမိုးတောင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း VDP ရန်ပုံငွေဖြင့် လျှပ်စစ်မီးသွယ်တန်းခြင်းဆောင်ရွက်ပြီးစီး
Mar 31,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု (၆)လဘဏ္ဍာရေးနှစ်ကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး VDP ဖြင့် ကျေးရွာ အုပ်စု(၃)အုပ် စုရှိကျေးရွာ(၃)ရွာ၌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သံမိုးတောင်ကျေးရွာ လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
ငရုတ်ကောင်းမြို့၌ ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်း စာမေးပွဲစတင်ဖြေဆို
Mar 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ မြန်မာစာဖြေဆိုခြင်းကို ယနေ့ နံနက် ၉ နာရီက ငရုတ်ကောင်းမြို့ (အထက)၊ စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၉၂)ဦးရှိကြောင်း သိရသည်။
မိုင်းပန်မြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်အား အေးချမ်းစွာဖြေဆို
Mar 31,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲပထမနေ့ကို အခြေခံပညာအထက်တန်းကျောင်း (မိုင်းပန်) စာစစ်ဌာနတစ်ခုတည်း၌ ယနေ့နံနက် (၉) နာရီအချိန်တွင် မြန်မာစာဘာသာရပ်အား စတင်ဖြေဆိုရာ စာရင်းရှိ (၁၀၆) ဦး၊ ကျောင်းတွင်းဖြေဆို (၆၄) ဦး၊
ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုကောင်းမွန်စေရေး တံစိုး-အနောက်သာဂရ လမ်းပိုင်း ဝဲ/ယာတွင် မြေသားတာဘောင်မြေဖို့ခြင်း လုပ်ငန်းများဆောင်ရွက်
Mar 31,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှု ကောင်းမွန်ပြီး ကျေးရွာများဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာချင်းဆက်လမ်းများအား မြေသားတာဘောင်မြေဖို့ပေးခြင်း၊ ပြန်လည်ပြုပြင်ပေးခြင်း၊ အဆင့်မြှင့်တင်ပေးခြင်း၊ ကျေးရွာချင်းဆက်လမ်းများပေါ်တွင် တံတားများတည်ဆောက်ပေးခြင်း၊ ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိရာ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-ကျောက်ဆောက်ကုန်း ကျေးရွာချင်းဆက်လမ်းမှ တံစိုး_-အနောက်သာဂရလမ်းပိုင်းဝဲ/ယာတွင် မြေသားတာဘောင်မြေဖို့ ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အ.ထ. က မက်မန်းစာစစ်ဌာနတွင် ပထမနေစာမေးပွဲ စတင်ဖြေဆိုလျက်ရှိ
Mar 31,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အ.ထ.က မက်မန်းစာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို(၃၁-၃-၂၀၂၂)ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထားဝယ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ Talk  Show ကျင်းပ
Mar 31,2022
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ Talk  Show ကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပ သည်။