သတင်းများ

မိုင်းရယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်(ပထမနေ့)ကို အေးချမ်းစွာဖြေဆို
Mar 31,2022
အခြေခံပညာဦးစီးဌာန၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ မိုင်းရယ်မြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ကို ယနေ့နံနက် ၉ နာရီက မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ မြန်မာစာဘာသာရပ်ကို အေးချမ်းစွာဖြေဆိုလျက်ရှိ သည်။
ညောင်ဦးမြို့နယ်တွင် ဖရဲစိုက်ပျိုးတောင်သူများ ဖရဲသီးများစတင်ခူးဆွတ်ရောင်းချနေ
Mar 31,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ဖရဲစမ်းသပ်စိုက်ပျိုးရာအောင် မြင်ဖြစ်ထွန်းပြီး ဖရဲသီးများ စတင်ခူးဆွတ်ရောင်းချနေပြီဖြစ်ကြောင်း နတ်ကြို့အိုင်ကျေးရွာ ဖရဲစိုက်ပျိုတောင်သူ ဦးအောင်ကျော်လင်းထံက သိရသည်။
မိုင်းပျဉ်းမြို့တွင် ပညာရေးဝန်ထမ်းများ စီမံခန့်ခွဲမှု မွမ်းမံသင်တန်းဖွင့်လှစ်
Mar 31,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပညာရေးဌာန၏ ၂၀၂၁−၂၀၂၂ ပညာသင်နှစ် ပညာရေးဝန်ထမ်း ဆရာ/ဆရာမများ စီမံခန့်ခွဲမှု မွမ်းမံသင်တန်းကို ယမန်နေ့ မွန်းလွှဲ(၂)နာရီက အမကကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 31,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အထက(ဆင်ပေါင်ဝဲ)စာစစ်ဌာနတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ စတင်ဖြေဆိုနေမှုအား ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးစာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ကျင်းပ
Mar 31,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးစာစစ်ဌာန၌ ၂၀၂၂ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့နံနက်၉နာရီက စတင် ကျင်းပကြောင်း သိရသည်။
ဓနုဖြူမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို
Mar 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့၊ မတ်လ (၃၁)ရက်နေ့၊ နံနက်(၉)နာရီ အချိန်မှစတင်၍ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စတင် ဝင်ရောက်ဖြေဆိုလျက်ရှိ​သည်။
မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်(၁)လုံးပြိုကျပျက်စီးခဲ့ရသော လေဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
Mar 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၊ သံလျှက်စွန်းကျေးရွာတွင် မတ်လ ၂၃ ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်၍ ဦးစိန်လွင်နေအိမ်တစ်လုံး ပြိုကျပျက်စီးခံရသော အိမ်ထောင်စုအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ရုံးမှ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ)ကျပ်၊ လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၆၃၀ဝ)၊ စုစုပေါင်းရန်ပုံငွေ (၁၀၆၃၀ဝ)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး တစ်အိမ်ထောင်စာ (၄၆၀၃၆/-)တို့ကို မတ်လ ၂၉ ရက်နေ့ နံနက် ၉ နာရီအချိန်က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ စာရေး ဒေါ်သင်ဇာဝင်းပြည့်နှင့် သဲဖြူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့မှ ကျေးရွာသို့သွားရောက်ပြီး လေဘေးသင့်၍ နေအိမ်ပြိုကျပျက်စီး အိမ်ထောင်ဦးစီး ဦးစိန်လွင် လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့သည်။
သာပေါင်းမြို့နယ် စာစစ်ဌာန (၆)ခုတိုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို
Mar 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့မတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန် မှ စတင်၍ စာစစ်ဌာန(၆)ခုတို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မြန်မာဘာသာကို အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနေကြသည်။