ပလောက်မြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/သူများ စတင်ဖြေဆို

ပလောက်  မတ်  ၃၁

တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင်၊ ပလောက်မြို့၌ ၂၀၂၂ ခုနှစ်  ယနေ့ နံနက်(၉)နာရီတွင် ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာဘာသာရပ် စတင်ဖြေဆိုလျက်ရှိရာ  ကျောင်းသား/ ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။

ပလောက်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာနတွင် သတ် မှတ်ဆောင်ရွက်ထားရှိပြီး စာရင်းရှိဖြေဆိုသူစုစုပေါင်း (၁၁၅)ဦးတွင် (၁၀၇) ဦးဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလျက်ရှိသော ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးနှင့် အခက်အခဲမရှိစေရေးအတွက် ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူးဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်း၊ အဖွဲ့ဝင်များမှ စာဖြေဌာနများတွင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

နှင်းမြူလွင်