ဇီးကုန်း မတ် ၃၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစတင်၍ ကျောင်းသား ကျောင်းသူများသည် စာစစ်ဌာသုံးခုတွင် အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိသည်။
ဇီးကုန်းမြို့နယ် အ.ထ.က(မြို့မ)စာစစ်ဌာနတွင် ၂၆၁ ဦး၊ အ.ထ.က(ဇီးကုန်း) စာစစ်ဌာနတွင် ၄၀၆ ဦး၊ အ.ထ.က(လေးမျက်နှာ) စာစစ်ဌာနတွင် ၁၄၁ ဦး စုစုပေါင်း (၈၀၈)ဦး စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာတင်ထားကြောင်းနှင့် မြန်မာစာဘာသာရပ်တွင် အ.ထ.က(မြို့မ)၌ (၂၅၅)ဦး၊ အ.ထ.က(ဇီးကုန်း)၌ (၃၆၆)ဦး၊ အ.ထ.က(လေးမျက်နှာ)၌ (၁၃၀)ဦး စုစုပေါင်း(၇၅၁)ဦး ရာခိုင်နှုန်း အားဖြင့် (၉၂.၉၄) ရာခိုင်နှုန်းဖြေဆိုကြောင်း တာဝန်ရှိသူထံမှ သိရသည်။
ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် ပညာရေးဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ဇီးကုန်း)