"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန် မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ ဖြေဆို

ဟိုပန် မတ် ၃၁

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကိုဗစ်-၁၉ ရောဂါ လမ်းညွှန်ချက်၊ စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက် ၉ နာရီ အချိန်မှစတင်၍ အေးချမ်းစွာဖြေဆိုလျက် ရှိကြောင်း သိရသည်။

ထိုသို့ တက္ကသိုလ် ဝင်တန်း စာမေးပွဲဖြေဆိုရာတွင် ဟိုပန်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးတင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့် အဖွဲ့ဝင်များက ကျောင်းသား/သူများ စာမေးပွဲ ဖြေဆိုရာ၌ ဘေးကင်းလုံခြုံမှုရှိစေရန်နှင့် စိတ်ချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များအား ကွင်းဆင်း ကြည့်ရှု့၍ ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့နယ်တွင် အထက(ဟိုပန်)စာစစ်ဌာန တစ်ခု ရှိပြီး ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ကို မတ်လ (၃၁)ရက်​နေ့မှ ဧပြီလ(၉) ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ပြီး ကျောင်းသား(၃၀)၊ ကျောင်းသူ (၆၈)ဦး စုစုပေါင်း (၉၈)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း ဟိုပန်မြို့နယ်၊ ပညာရေးမှူးရုံးမှ သိရသည်။

ဇင်ဇင်