၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ရမည်းသင်း  မတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၃၁ရက်နံနက်၉နာရီက တက္ကသိုလ်ဝင်ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်အတွင်း အထက(၁)ပင်မနှင်တိုးချဲ စာစစ်ဌာန၊ အထက(၅)မြို့မ စာစစ်ဌာန၊ မြို့လှအထက စာစစ်ဌာန၊ သိမ်ကုန်းအထကစာစစ်ဌာန၊ ရွာတန်းအထက စာစစ်ဌာနနှင့် ရွှေဒါးအထကစာစစ်ဌာန စုစုပေါင်းစာစစ်ဌာန(၇)ခုရှိကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်စာရင်းရှိ ကျောင်းသား (၁၁၇၄)နှင့် ကျောင်းသူ(၁၅၀၂) စုစုပေါင်း(၂၆၇၆)ဦးရှိပြီး ‌ဖြေဆိုသူ ကျောင်းသား(၁၀၉၇)ဦးနှင့် ကျောင်းသူ(၁၄၄၁)ဦး စုစုပေါင်း(၂၅၃၈)ဦး ဖြေဆိုကာ ဖြေဆိုရန်ပျက်ကွက်ကျောင်းသား(၇၇)ဦးနှင့် ကျောင်းသူ(၆၁)ဦး စုစုပေါင်း(၁၃၈)ဦးရှိကြောင်း ရမည်းသင်းမြို့နယ် အခြေခံပညာ ဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးစာရင်းအရ သိရသည်။

ဇော်ဝင်းအောင်(ပြန်/ဆက်)