မယ်စဲ့မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ (မြန်မာစာ) ဘာသာ စတင်ဖြေဆို

မယ်စဲ့ မတ် ၃၁

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၁-၂၀၂၂  ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ (မြန်မာစာ) ဘာသာကို အ.ထ.က(မယ်စဲ့) စာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီမှ စတင်၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေးအဖွဲ့ဖြင့် စောင့်ကြပ် လျက်ရှိပြီး ကျန်းမာရေးဌာနက လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက်လည်း ပြင်ဆင်စောင့်ကြပ်လျက်ရှိသည်။

မယ်စဲ့မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ ကျား(၇)ဦး၊ မ(၁၂)ဦး၊ စုစုပေါင်း (၁၉)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ပျက်ကွက်မရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဝတ်ရည်(ပြန်/ဆက်)