သတင်းများ

ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို
Mar 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း​ကျောင်းသား၊​  ကျောင်းသူများ  တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ နံနက်(၉)နာရီအချိန်မှ စ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ​အေးချမ်း​ပျော်ရွှင်စွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာစတင်ဖြေဆို
Mar 31,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့  မြန်မာစာကို   ယနေ့နံနက် (၉) နာရီအချိန်တွင်  စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြိတ်မြို့တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)သင်တန်းဆင်း
Mar 31,2022
နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝ မြှင့်တင်နိုင်စေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)ကို ယနေ့ နံနက် (၁၀)နာရီက သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။
မိုင်းယောင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ(ပထမနေ့)တွင် ကျောင်းသား/ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ စတင်ဖြေဆို
Mar 31,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၌ ၂၀၂၂  ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ(ပထမနေ့)တွင် ယနေ့နံနက် ၉ နာရီက မြန်မာစာဘာသာရပ်ဖြင့် စတင်ဖြေဆိုလျက်ရှိရာ  ကျောင်းသား/ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရ သည်။
၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကြံခင်းမြို့ရှိ စာစစ်ဌာန(၅)ခုတွင် အေးချမ်းပျော်ရွှင်စွာ စတင်ဖြေဆို
Mar 31,2022
၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊ ကြံခင်းမြို့ရှိ စာစစ်ဌာန(၅)ခုတွင် ယနေ့ နံနက် ၉ နာရီက အေးချမ်းပျော်ရွှင်စွာ စတင်ဖြေဆိုကြကြောင်း သိရသည်။ ကြံခင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုဖြစ်သော အ.ထ.က (၁) ကြံခင်း၊ အ.ထ.က(ဘက်ရဲ)၊ အ.ထ.က(ဆိပ်သာ)၊ အ.ထ.က(မျောက်ချောကုန်း)၊ အ.ထ.က (ရေနံတောင်) ကျောင်းတို့တွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၅၂၂)ဦးရှိသည့်အနက် ယနေ့ဖြေဆိုသူ ဦးရေ(၄၇၁)ဦး ဝင်ရောက်ဖြေဆိုကြောင်း၊ ဖြေဆိုမှုရာခိုင်နှုန်းမှာ(၉၀.၂၃) ရှိကြောင်းနှင့် ယနေ့မြန်မာစာဘာသာကို အေးချမ်းစွာ စတင်ဖြေဆိုကြကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှု
Mar 31,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲစတင်ဖြေဆိုခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းများတွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဘားအံ မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ  မြန်မာစာ ဘာသာရပ်ကို  စတင် ဖြေဆို
Mar 31,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံ တစ်ဝှမ်း၌ မတ်လ (၃၁) ရက် နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့နယ်မှ တက္ကသိုလ်ဝင် စာမေးပွဲ မြန်မာ စာဘာသာရပ်ကို  ကျောင်းသား/ကျောင်းသူ (၁၉၀၅ ) ဦးမှ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိ ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်၌၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊‌ ကျောင်းသူများ စတင်ဖြေဆို
Mar 31,2022
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအတွက် အ.ထ.က ပေါင်းတည်စာစစ်ဌာနနှင့် အ.ထ.က မြို့မစာစစ်ဌာနတို့တွင် စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။