သတင်းများ

မအူပင်မြို့နယ်၌ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူများ စတင်ဖြေဆို
Mar 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့နံနက် (၉)နာရီ အချိန်မှစတင်၍ ကျောင်းသား/သူများ အေးချမ်းစွာစတင် ဝင်ရောက်ဖြေဆိုလျက်ရှိ​သည်။
တန့်ယန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့အား အေးချမ်းတည်ငြိမ်စွာ စတင်ဖြေဆို
Mar 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် တာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာန၌ ကျောင်းသားကျောင်းသူများ ယနေ့နံနက် ၉ နာရီမှ စတင်၍ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနေလျက်ရှိသည်။
မိတ္ထီလာမြို့နယ် ရေငံကျေးရွာ(အရှေ့) ဓမ္မအလင်းမြတ်ဘုန်းတပ်ကုန်းစာကြည့်တိုက်ဖွင့်ပွဲနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ
Mar 31,2022
မိတ္ထီလာမြို့နယ် အလည်ရွာကျေးရွာအုပ်စု ရေငံကျေးရွာ(အရှေ့)ရှိ ဓမ္မအလင်းမြတ်ဘုန်းတပ်ကုန်း စာကြည့်တိုက်ဖွင့်ပွဲနှင့် စာအုပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က အဆိုပါ စာကြည့်တိုက်၌ ကျင်းပကြောင်း သိရသည်။
ပုလောမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို
Mar 31,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ယနေ့  နံနက် ၉ နာရီက ဖြေကြားလျက်ရှိကြောင်း သိရသည်။
မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ(ပထမနေ့)ကို စာစစ်ဌာနအသီးသီး၌ စတင်ဖြေဆို
Mar 31,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ(ပထမနေ့)ကို စာစစ်ဌာနအသီးသီး၌ ယနေ့ နံနက် (၉)နာရီအချိန်က ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျောင်းသား ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသားကျောင်းသူများ စတင်ဖြေဆို
Mar 31,2022
၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို နိုင်ငံတစ်ဝှမ်း ယနေ့နံနက် ၉နာရီမှစ၍ စတင်ဖြေဆိုလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် တွင် ကျောင်းသားကျောင်းသူများ မြန်မာစာဘာသာရပ်အား အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိ
Mar 31,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ် ၃၁ ရက်က ကျောင်းသား၊ ကျောင်းသူများ  အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ စတင်ဖြေဆို
Mar 31,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ၂၀၂၂ ခုနှစ် ယနေ့တွင် စတင်ကျင်းပသော တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြသော ကျောင်းသားကျောင်းသူများသည် နံနက် ၉ နာရီအချိန်မှစ၍ စာစစ်ဌာနလေးခုတွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။