သတင်းများ

ဝါးခယ်မမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး
Mar 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် စာစစ်ဌာန(၁၂)ခုရှိရာ ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား/သူများ အဆင်ပြေမှုရှိ‌‌စေရန် စစ်ဆေး‌ဆောင်ရွက်မှုများကို ယနေ့ နံနက် ၈ နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးစွမ်းထက်နှင့် အဖွဲ့ဝင်တို့က သွား‌ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်၌ ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ လာရောက်ဖြေဆို
Mar 31,2022
ပညာရေးဝန်ကြီးဌာနမှ ကျင်းပသည့် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီး၌ ယနေ့နံနက်ပိုင်းက အေးချမ်းစွာ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ်အတွင်းရှိ စာစစ်ဌာနကျောင်းများတွင် ၂၀၂၂ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 31,2022
ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ၂၀၂၂ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ နံနက်ပိုင်းမှ စတင်ဖြေဆိုလျက်ရှိရာ ဘုတ်ပြင်းမြို့နယ် အတွင်းရှိ သတ်မှတ်စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများများ အေးချမ်းစွာဖြေဆို လျက်ရှိကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန(၃)ခု၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းနှင့်အညီ (ပထမနေ့)မြန်မာစာဘာသာကို စတင်ဖြေဆို
Mar 31,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန(၃)ခု၌ ယနေ့ နံနက် ၉ နာရီ မှ ၁၂ နာရီအချိန်အထိ (ပထမနေ့)မြန်မာစာဘာသာကို ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စတင်ဖြေဆိုကြကြောင်း သိရှိရသည်။
ဝန်ထမ်းများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာတိုးပွားစေရန် ကွင်းဆင်းဆောင်ရွက်
Mar 31,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ရုံးဝန်ထမ်းများ အားလုံး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာများ တိုးပွားစေရန်အတွက် ယမန်နေ့ ညနေပိုင်းက မီးသတ်ဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ပြင်ခရိုင်ကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ်အောက် ကလေးငယ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူမှ ထောက်ပံ့ငွေများပေးအပ်
Mar 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြင်ခရိုင်ကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူမှ ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ ညနေပိုင်းက ပြင်ခရိုင် ဓမ္မရက္ခိတမြောက်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေကြည်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ အေးချမ်းစွာဖြေဆို
Mar 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့တွင် စာစစ်ဌာန (၉)ခုရှိ ဝင်‌ရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ (၁၂၅၈)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မလှိုင်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ(ပထမနေ့) ဖြေဆို
Mar 31,2022
မလှိုင်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ(ပထမနေ့) မြန်မာစာဘာသာရပ်ကို ယနေ့ နံနက်(၉)နာရီအချိန်မှစတင်ကာ စာစစ်ဌာန(၆)ခုတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။