ကျွန်းစု မတ် ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမရက် မြန်မာစာဘာသာကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ ကျောင်းသား/သူများ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျွန်းစုမြို့တွင် ကျောင်းတွင်း ဖြေဆိုမည့် ကျောင်းသား (၁၃၈)ဦး၊ ကျောင်းသူ (၂၄၈)ဦး၊ စုစုပေါင်း (၃၈၆)ဦးနှင့် ပြင်ပမှဖြေဆိုမည့် ကျောင်းသား(၄၀)ဦး၊ ကျောင်းသူ(၈၁)ဦး၊ စုစုပေါင်း(၁၂၁)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ရာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြို့နယ်အတွင်းရှိ အ.ထ.က (ကျွန်းစု)၊ အ.ထ.က (ကတ္တလူ)၊ အ.ထ.က (စခန်းသစ်)၊အ.ထ.က (ကံမော်)နှင့် အ.ထ.က (သဇင်)ကျောင်း၊ စုစုပေါင်း စာစစ်ဌာန(၅)ခုတို့၌ ကျောင်းတွင်း ဝင်ရောက်ဖြေဆိုသည့် ကျောင်း သား(၁၂၈)ဦး၊ ကျောင်းသူ(၂၄၀)ဦးနှင့် ပြင်ပဖြေဆိုသူ ကျောင်းသား(၃၄)ဦး၊ ကျောင်းသူ(၇၃)ဦး၊ စုစုပေါင်း (၄၇၅)ဦး ဝင်ရောက်ဖြေဆိုပြီး ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား(၁၆)ဦး၊ ကျောင်းသူ(၁၆)ဦး၊ စုစုပေါင်း(၃၂) ဦး ပျက်ကွက်ခဲ့သည်။
ကျွန်းစုမြို့နယ်ရှိ စာစစ်ဌာန(၅)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေချိန်တွင် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ကျောင်းသား မိဘများပါဝင်သော ကျောင်းအပြင်စည်း လုံခြုံရေးကော်မတီဝင်များက စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု လျက်ရှိကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမှုရာခိုင်နှုန်း (၉၃.၆၉%)ရှိပြီး ပျက်ကွက်မှု ရာခိုင်နှုန်း(၆.၃၁%) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စည်သူရအောင်(ကျွန်းစု)