သတင်းများ

စဉ့်ကိုင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/ကျောင်းသူ(၉၇၁)ဦး ဝင်ရောက်ဖြေဆို
Mar 31,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက်(၉)နာရီမှစ၍ ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူ (၈၈၇)ဦး ဖြေဆိုလျက်ရှိကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ညောင်ရွှေမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၆၁၈ ဦး ဝင်ရောက်ဖြေဆို
Mar 31,2022
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီတွင် စတင်ဖြေဆိုရာ ညောင်ရွှေမြို့နယ်အတွင်းရှိ စာစစ်ဌာန ၁၁ ခုမှ ကျောင်းသား၊ ကျောင်းသူ ၁၆၁၈ ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ဖြေဆို​နေသည့် စာစစ်ဌာနများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ကြည့်ရှုအားပေး
Mar 31,2022
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ရက်နေ့မှ စတင်၍ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊တပ်ကုန်းမြို့နယ်တွင် စာစစ်ဌာန ဖွင့်လှစ်ထားရှိသည့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် အထက်တန်းကျောင်းများရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ကျောင်းသူများ မြန်မာစာဘာသာရပ်ကို အေးချမ်းစွာဖြေဆို လျက်ရှိသည်။
ငါန်းဇွန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 31,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် ယနေ့နံနက် ၉ နာရီမှစတင်၍ တက္ကသိုလ် ဝင်စာမေးပွဲကို စာစစ်ဌာန (၂)ခုတွင် စတင်ဖြေဆိုကြောင်း သိရသည်။
မြိုင်ကြီးငူအထူးဒေသတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၃)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Mar 31,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ မတ်လအထိ ၆ လဘဏ္ဍာရေးနှစ်အတွင်း ပထမအကြိမ်ဖွင့်လှစ်သည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ အမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို
Mar 31,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံတစ်ဝှမ်း မတ်လ ၃၁ ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့မစျေးအတွင်း မီးဘေးလုံခြုံရေး ဇာတ်တိုက်သရုပ်ပြခြင်း ဆောင်ရွက်
Mar 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့မစျေးအတွင်း ယနေ့နံနက်(၉) နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မီးသတ်တပ်ဖွဲ့တို့ပူးပေါင်းကာ စျေးသူစျေးသားများနှင့်အတူ မီးသတ်ယာဉ်များဖြင့် မီးဘေးအန္တရာယ်ကြုံတွေ့ပါက မီးဘေးလုံခြုံရေး ဇာတ်တိုက်သရုပ်ပြ ဆောင်ရွက်ခဲ့သည်။
ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 31,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကို မတ် ၃၁ရက်နံနက်၉နာရီက တက္ကသိုလ်ဝင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။