ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ပုသိမ်ကြီး မတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကို မတ် ၃၁ရက်နံနက်၉နာရီက တက္ကသိုလ်ဝင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်းသိရသည်။

မြို့နယ်အတွင်း အထက ပုသိမ်ကြီးစာစစ်ဌာန၊ အထက(ခွဲ)မြကန်သာ စာစစ်ဌာန၊ အထက(ခွဲ) ဆင်ရွာကြီး စာစစ်ဌာန၊ အထက (ခွဲ)ကျောက်မီး စာစစ်ဌာန၊နှင့်အထက(ခွဲ)အုန်းချော စာစစ်ဌာန စုစုပေါင်းစာစစ်ဌာန(၅)ခုရှိကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်စာရင်းရှိ ကျောင်းသား (၂၉၉)ဦးနှင့်ကျောင်းသူ (၄၀၆)ဦး၊ စုစုပေါင်း(၇၀၅)ဦးရှိပြီး ဖြေဆိုသူကျောင်းသား (၂၆၅)ဦးနှင့် ကျောင်းသူ(၃၆၃)ဦး စုစုပေါင်း (၆၂၈)ဦး ဖြေဆိုကာ ဖြေဆိုရန် ပျက်ကွက်ကျောင်းသား (၃၄) ဦး နှင့် ကျောင်းသူ(၄၃)ဦး  စုစုပေါင်း(၇၇)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးစာရင်းအရ သိရ သည်။

မြို့နယ် (ပြန်/ဆက်)