သတင်းများ

စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)မြေနေရာအတွက် မြေယာလျော်ကြေးပေးအပ်
Mar 31,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ရဲသာကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)မြေနေရာအတွက် မြေယာလျော်ကြေးပေးအပ်သည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နောင်ချို၌ သာသနာဓဇဓမ္မာစရိယ စာချတန်းအောင်သံဃာတော်အရှင်သူမြတ် (၂)ပါးအား ချီးကျူး ဂုဏ်ပြုပူဇော်
Mar 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)နောင်ချိုမြို့နယ်၌ သာသနာဓဇဓမ္မာစရိယ စာချတန်းအောင် သံဃာတော်အရှင်သူမြတ် ၂ပါးအားချီးကျူး ဂုဏ်ပြုပူဇော်ပွဲကို ယမန်နေ့နံနက် ၉နာရီအချိန်က ဟော်တော်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
လှည်းကူးမြို့နယ်တွင်၂၀၂၂ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၂၁၄၇) ဦး ဝင်ရောက်ဖြေဆို
Mar 31,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၃၁)ရက်နေ့မှစတင်၍ဧပြီလ(၉)ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိရာတက္ကသိုလ်ဝင်စာမေးပွဲသို့ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိအခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင် ကျောင်းများတို့မှကျောင်းသား၊ ကျောင်းသူ(၂၁၄၇)ဦးတို့ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
အောင်လံမြို့နယ်၌ တက္ကသိုလ်ဝင် စာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို
Mar 31,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန(၈)နေရာ၌ စတင်ကျင်းပရာ ကျောင်းသား /ကျောင်းသူ စုစုပေါင်း(၁၀၈၈)ဦးရှိ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ရေးမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ​မေးပွဲသို့ ​ကျောင်းသား၊ ​ကျောင်းသူ (၇၁၈)ဦးဝင်​ရောက်ဖြေဆို
Mar 31,2022
မွန်ပြည်နယ် ​ရေးမြို့နယ် အ​ခြေခံပညာ​ကျောင်းများမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာ​​မေးပွဲကို မတ်လ ၃၁ ရက်​နေ့ နံနက် ၉ နာရီက ​စတင်​ဖြေဆိုလျက်ရှိ​ကြောင်း သိရသည်။
ဂွမြို့နယ်၌ ၂၀၂၁-၂၀၂၂ခု ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများအား စာစစ်ဌာန (၃)ခု၌ စတင်ဖြေဆို
Mar 31,2022
ဂွမြို့နယ်၌ ၂၀၂၁/၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲများအား ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ကျောင်းသားဝ ကျောင်းသူများ မြန်မာစာ ဘာသာရပ်အား စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၁၁၆၅)ဦး ဖြေဆို
Mar 31,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ ၃၁ ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၁၁၆၅)ဦးမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၆၈၀)ဦးတို့​ ဝင်​ရောက်​​ဖြေဆိုလျက်ရှိ
Mar 31,2022
၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုတစ်နိုင်ငံလုံးအတိုင်းအတာအ​နေဖြင့် ယ​နေ့မတ်လ(၃၁)ရက်​နေ့မှစတင်၍ သက်ဆိုင်ရာမြို့နယ်များအလိုက် ကျင်းပပြုလုပ်လျက်ရှိပြီး စာ​မေးပွဲသို့လည်း ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၆၈၀)ဦးတို့ ​မြို့နယ်အတွင်းရှိစာစစ်ဌာန(၃)ခုတို့တွင် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။