စဉ့်ကိုင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/ကျောင်းသူ(၉၇၁)ဦး ဝင်ရောက်ဖြေဆို

စဉ့်ကိုင် မတ် ၃၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက်(၉)နာရီမှစ၍ ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူ (၈၈၇)ဦး ဖြေဆိုလျက်ရှိကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲ  ဖြေဆိုရာတွင် ကျောင်းသား/ကျောင်းသူများ ဘေးကင်းလုံခြုံ စိတ်အေး ချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး စာမေးပွဲကို မတ်လ(၃၁) ရက်နေ့မှ ဧပြီ(၉)ရက်နေ့အထိ (၁)ရက်လျှင် တစ်ဘာသာနှုန်းဖြင့်  ဘာသာရပ်တစ်ခုလျှင် နံနက်(၉)နာရီမှ မွန်းတည့် (၁၂)နာရီအချိန်ထိ (၃)နာရီကြာ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

စာစစ်ဌာန၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်  စာမေးပွဲစာစစ်ဌာန (၄) ခုဖြင့် ကျင်းပခြင်းဖြစ်ပြီး  အ.ထ.က (စဉ့်ကိုင်)တွင် ကျောင်းသား/ကျောင်းသူ ၄၈၆ ဦးစာရင်းပေးသွင်းထားပြီး ၄၆၆ ဦးဝင်ရောက်ဖြေဆိုကာ ၂၀ ဦး ပျက်ကွက်ကြောင်း၊ အ.ထ.က(ပလိပ်)တွင် ကျောင်းသား/  ကျောင်းသူ ၁၂၃ ဦး စာရင်းပေးသွင်း ထားပြီး ၁၁၀ ဦး ဝင်ရောက်ဖြေဆိုကာ၁၃ဦး ပျက်ကွက်ကြောင်း ၊ အ.ထ.က (ဘယ်လင်း)တွင် ကျောင်းသား/ကျောင်းသူ၁၄၂ဦး စာရင်းပေးသွင်းထားပြီး ၁၂၉ဦး ဝင်ရောက်ဖြေဆိုကာ ၁၃ဦး ပျက်ကွက် ကြောင်း၊ အ.လ.က(ခွဲ)-တရုတ်စုတွင် ကျောင်းသား / ကျောင်းသူ ၂၂၀ဦး စာရင်းပေးသွင်းထားပြီး ၁၈၂ ဦး ဝင်ရောက်ဖြေဆိုကာ ၃၈ ဦးပျက်ကွက်ကြောင်း၊ စုစုပေါင်း စာရင်းပေးသွင်းထားသည့် ကျောင်းသား/ကျောင်းသူ ၉၇၁ ဦးရှိပြီး ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ ၈၈၇ ဦးရှိပြီး ပျက်ကွက်ကျောင်း/ကျောင်းသူ ၈၄ ဦးရှိကာ ဖြေဆိုရာခိုင်နှုန်း ၉၁.၃၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ညိုညိုဝင်း