ငါန်းဇွန် မတ် ၃၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် ယနေ့နံနက် ၉ နာရီမှစတင်၍ တက္ကသိုလ် ဝင်စာမေးပွဲကို စာစစ်ဌာန (၂)ခုတွင် စတင်ဖြေဆိုကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် ၂၀၂၂.ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြရာ စာစစ်ဌာန(၂)ခုဖြစ်သည့် အ.ထ.က(ငါန်းဇွန်)စာစစ်ဌာန၌ ဖြေဆိုသူ (၂၃၅)ဦးနှင့် အ.ထ.က (ဂျို)စာစစ်ဌာန၌ ဖြေဆိုသူ(၉၁)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့ဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)