သတင်းများ

ပင်လောင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်၊ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့ စတင်ဖြေဆို
Mar 31,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြိုနယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့အား စာစစ်ဌာနအသီးသီးတွင် ယနေ့ နံနက်ပိုင်းက စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အသက်(၇၃)နှစ်အရွယ်ရှိ အမျိုးသား တစ်ဦး ဝင်ရောက်ဖြေဆို
Mar 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ ယနေ့ ကျင်းပသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ အသက်(၇၃)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ဝင်ရောက် ဖြေဆိုကြောင်း သိရသည်။
မောင်တောမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ စတင်ဖြေဆို
Mar 31,2022
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပလျက်ရှိသော ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအား ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် တောင်ပြိုလက်ဝဲ စာစစ်ဌာနသုံးခု ဖွင့်လှစ်လျက် ၂၀၂၀ ပြည့်နှစ် မတ်လ (၃၁)ရက်နေ့ နံနက် ၉ နာရီ အချိန်မှ မွန်းတည် ၁၂ နာရီ အချိန်ထိ ကျင်းပခဲ့ရာ ပထမနေ့ မြန်မာစာ ဘာသာရပ်အား ကျောင်းသား/သူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက စာစစ်ဌာနများအား လှည့်လည် ကြည့်ရှုခဲ့ကြသည်။
အလုံမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာ​မေးပွဲ ပထမ​နေ့ မြန်မာစာဘာသာရပ်အား စတင်​ဖြေဆို
Mar 31,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာ​မေးပွဲ ပထမ​နေ့ မြန်မာစာ စတင်​ဖြေဆိုခြင်းကို မတ်လ ၃၁ ရက်​နေ့၊ နံနက်(၉:၀၀)နာရီအချိန်မှ စတင်ကာ အမှတ်(၄)အ​ခြေခံပညာအထက်တန်း​ကျောင်းစာစစ်ဌာန တွင် ကျင်းပပြုလုပ်​ကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် အေးချမ်းစွာဖြေဆို
Mar 31,2022
၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခု၌ ယနေ့နံနက်(၉)နာရီတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုကြသည်။
ဗဟန်းမြို့နယ်၌ ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲကိုအမှတ် (၁)အခြေခံပညာ အထက်တန်း ကျောင်း၌ ကျောင်းသား ကျောင်းသူ (၅၆၃ )ဦး လာရောက်ဖြေဆို
Mar 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို​ ကျောင်းတွင်း၊​ ကျောင်းပြင်​ ဖြေဆိုသူ​ကျောင်းသား၊ ​ကျောင်းသူများသည် အမှတ်(၁)အ​ခြေခံ ပညာအထက်တန်းကျောင်း၌ ​ဖြေဆိုရာတွင် ကျောင်းသား (၂၆၇) ဦး၊​ကျောင်းသူ (၂၉၆) ဦး စုစု​ပေါင်း(၅၆၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်၊၊
ရေနံချောင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ် စတင်ဖြေဆို
Mar 31,2022
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက ရေနံချောင်းမြို့ အ.ထ.က(၁)စာစစ်ဌာနတွင် စာဖြေခန်း ၃၈ ခန်းဖွင့်လှစ် ကျင်းပလျက် ရှိရာ မြန်မာစာဖြေဆိုသည့် ပထမနေ့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း အသီးသီးမှ စာမေးပွဲဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူ ၁၁၁၅ ရှိသည့်အနက်လာရောက်  ဖြေဆိုသူ ၁၀၂၃ ဦး၊ ပျက်ကွက်သူ ၉၂ ဦး စုစုပေါင်း ဖြေဆိုမှုရာခိုင်နှုန်း ၉၁.၇၅ ရာခိုင်နှုန်းရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခါမ်းပါတ်မြို့တွင် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို
Mar 31,2022
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်က စတင်ကျင်းပလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်စာစစ်ဌာနမှ ကျောင်းသား/ ကျောင်းသူစာရင်းရှိ (၁၂၅)ဦးဖြစ်ပြီး လာရောက်ဖြေဆိုသူ (၁၀၂) ရှိကြောင်း သိရသည်။