တပ်ကုန်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ဖြေဆို​နေသည့် စာစစ်ဌာနများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ကြည့်ရှုအားပေး

တပ်ကုန်း မတ်   ၃၁

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ စတင်၍ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် စစစ်ဌာန ဖွင့်လှစ်ထားရှိသည့် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် အထက်တန် းကျောင်းများရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ မြန်မာစာဘာသာရပ်ကို အေးချမ်းစွာဖြေဆို လျက်ရှိသည်။

တပ်ကုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများ မြန်မာစာဘာသာ ဖြေဆိုနေမှု အခြေအနေကို နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ပြည်ထောင်စုနယ်မြေ၊နေပြည်တော်ပညာရေး ညွှန်းကြားရေးမှူး ဦးစိုးသိုက်နှင့်တိုင်း/ခရိုင်မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်​ရေး​အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုးနှင့်အဖွဲ့ဝင်(၁) ဗိုလ်မှူးနိုင်လင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသူရဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်မိုး၊ မြို့နယ်ပညာရေးမှူး၊​ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ သွားရောက်၍ လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

တပ်ကုန်းမြို့နယ်အနေဖြင့် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို  အထက(၁)စာစစ်ဌာန၊ အထက(၂)စာစစ်ဌာန၊ အထက(ခွဲ)-ဗိုလ်မင်းရောင်စာစစ်ဌာန၊ အထက-ကပစ(၁)စာစစ်ဌာန၊ အထက-MRTVစာစစ်ဌာန၊ အထက-ညောင်လွန့်စာစစ်ဌာန၊ အထက ရွှေမြို့စာစစ်ဌာန၊အထက-မကျီးပင်စာစစ်ဌာန၊ အထက-တောင်ပို့သာ စာစစ်ဌာနတို့တွင်  စာစစ်ဌာနပေါင်း (၉)ခုဖွင့်လှစ်၍ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူပေါင်း(၂၈၁၀)ဦးနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော် ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် ပညာရေးညွှန်းကြားရေးမှူး ဦးစိုးသိုက်နှင့်တိုင်း/ခရိုင်းမှ တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများရှိ­ တက္က္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမှု အခြေအနေများကို ကြည့်ရှုအားပေး သွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်