သတင်းများ

ဝိုင်းမော်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/သူများ စတင်ဖြေဆို
Mar 31,2022
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ယ‌နေ့ နံနက် ၉ နာရီတွင် စတင်ကျင်းပပြီး စာစစ်ဌာန(၃)ခုနှင့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုသူ ကျောင်းသူ/ သားပေါင်း (၇၇၅)ဦး စတင်ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးရုံးမှ သိရသည်။
နမ့်ခမ်းမြို့၌ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ စတင်ဖြေဆို
Mar 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက် (၉)နာရီအချိန်တွင် ကျောင်းသား/သူများက ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ စတင်ဖြေဆိုလျှက်ရှိကြောင်း သိရသည်။
မဘိမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာစတင်ဖြေဆို
Mar 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မဘိမ်းအထကနှင့် ငါးအိုးအထက စာစစ်ဌာနနှစ်ခု၌ ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကျင်းပ လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ချီ‌ဖွေမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆို
Mar 31,2022
ချီဖွေမြို့နယ်၌ မတ်(၃၁)ရက်နေ့တွင်ကျင်းပသည့် ၂၀၂၁-၂၀၂၂ခုနှစ် ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ(၁၀၃)ဦး စိတ်အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် ဖြေဆိုနေသည့် စာစစ်ဌာနများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ကြည့်ရှုအားပေး
Mar 31,2022
၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ စတင်၍ ကျင်းပလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊‌‌ ဇေယျာသီရိမြို့နယ်တွင် စာစစ် ဌာန ဖွင့်လှစ်ထားရှိသည့် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် အထက်တန်းကျောင်းများရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ မြန်မာစာဘာသာရပ်ကို အဖြေဆိုလျက်ရှိ သည်။
ပူတာအိုမြို့နယ်၌ တက္ကသိုလ်၀င်တန်းစာမေးပွဲ စတင်ဖြေဆို
Mar 31,2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ စာစစ်ဌာနများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ် ၀င်တန်းစာမေးပွဲကို မတ်(၃၁)ရက်မှ စတင်ဖြေဆိုလျက်ရှိရာ ကျောင်းသူ ကျောင်းသားများ ပထမနေ့တွင် မြန်မာစာဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
မေတ္တာမြို့တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား ကျောင်းသူများ စတင်ဖြေဆို
Mar 31,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ(၃၁)ဦးမှ ယနေ့နံနက်(၉)နာရီအချိန်ကစ၍ နေ့လည်၁၂နာရီထိ မြန်မာ စာဘာသာရပ်ကို စတင်ဖြေဆို​လျက်ရှိကြောင်း သိရသည်။
ကလောမြို့နယ်၌ ၂ဝ၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၁၃၇၄)ဦး ဖြေဆို
Mar 31,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စတင်ကျင်းပရာ ကလောမြို့နယ်ရှိ စာစစ်ဌာန ၆ ခုမှ ကျောင်းသား၊ ကျောင်းသူ (၁၄၉၁)ဦး စာရင်းပေးသွင်းထားပြီး (၁၃၇၄)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။