ညောင်ရွှေ မတ် ၃၁
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီတွင် စတင်ဖြေဆိုရာ ညောင်ရွှေမြို့နယ်အတွင်းရှိ စာစစ်ဌာန ၁၁ ခုမှ ကျောင်းသား၊ ကျောင်းသူ ၁၆၁၈ ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အထက(၁)၊ အထက(၂)၊ အထက-သပြေကုန်း၊ အထက-ခေါင်တိုင်၊ အထက-စံကား၊ အထက-ဘုရားတောင်ရေဆိပ်၊ အထက-အင်းပေါခုံ၊ အထက-မင်းချောင်း၊ အထက-မိုင်းသောက်၊ အထက-ဟဲယာရွာမနှင့် အထက-အင်းယား စာစစ်ဌာနများတွင် မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၀ ဒသမ ၅၄ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
နေမျိုးသူရိန်