မိုးကုတ်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 31,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ (မြန်မာစာဘာသာရပ်)ကို ယနေ့နံနက် ၉ နာရီက အထက(၁)စာစစ်ဌာနတွင် စတင်ဖြေဆိုခဲ့ရာ စာရင်းရှိဦးရေ ( ၈၉ )ဦးတွင် လာရောက်ဖြေဆိုသူ ( ၇၈ ) ဦးရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ ကျား(၄)ဦး၊ မ(၇)ဦး စုစုပေါင်း(၁၁ ) ဦးရှိပြီး၈၈.၀၀%ဖြေဆိုခဲ့ကြောင်း သိရသည်။