နတ်တလင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ကွင်းဆင်း ဆောင်ရွက်
Apr 07,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အသက်(၁၈) နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူများအား ကာကွယ်ဆေးထိုးအဖွဲ့များခွဲ၍ ကျေးလက် ကျန်းမာရေးဌာန နယ်မြေအလိုက် ကျန်းမာရေးဌာနခွဲများမှ ရပ်ကွက်/ကျေးရွာများအထိ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက နွားတဲကုန်းကျေးရွာအုပ်စုတွင် ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။