ညောင်ဦးမြို့နယ်တွင် စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ၏ GAP စိုက်ပျိုးနည်းစနစ်ဆိုင်ရာ တောင်သူပညာပေးသင်တန်းပြုလုပ်

ညောင်ဦး  ဧပြီ  ၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် စပါး၊ ပဲမျိုးစုံ၊ ဆီထွက် သီးနှံများ GAP စိုက်ပျိုးနည်းစနစ်ဆိုင်ရာ တောင်သူပညာပေးသင်တန်းကိုမြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ ကြီးမှူးပြီး၊မြို့နယ်ဦးစီးမှူးရုံးတွင် ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ၏ GAP စိုက်ပျိုးနည်းစနစ်ဆိုင်ရာ တောင်သူပညာ ပေးသင်တန်း တွင် ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းမှ လည်းကောင်း၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီ၊ ဒုတိယဦးစီးမှူး ဦးမျိုးထက်ထန်တို့မှ စပါးစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ ဆီထွက်သီးနှံနှင့်ပဲမျိုးစုံသီးနှံ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနည်းစနစ်များ၊ ပိုး/ရောဂါကာကွယ်နှိမ်နင်းနည်းများနှင့် ပိုးသတ်ဆေးစနစ်တကျ ကိုင်တွယ်သုံးစွဲနည်းများကို အသီးသီးဆွေးနွေးပို့ချခဲ့ပြီး သီးနှံတွင် စိုဓာတ်တိုင်းတာခြင်းနှင့် မြေချဉ်ငံကိန်းတိုင်းတာခြင်း လုပ်ငန်းများကိုလက်တွေ့သရုပ်ပြတိုင်း တာကြသည်။

အဆိုပါသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်ဌေးရီနှင့်ဝန်ထမ်းများ၊ ကျေးရွာ(၉)ရွာမှ တောင်သူ(၃၂)ဦး တက်ရောက်ခဲ့ပြီး ဆွေးနွေးပို့ချခဲ့မှုများအပေါ် တောင်သူများက သိလိုသည်များမေးမြန်ကာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD