ညောင်ဦးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မိတ်ဖက်ဌာနများ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံ အားကစားသင်တန်းများ ဆင်းပွဲအခမ်းအနား ကျင်းပ

ညောင်ဦး  ဧပြီ   ၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်  အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေး ဦးစီး ဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၂ခုနှစ် နွေရာသီအခြေခံအားကစား သင်တန်းများဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီက ပုဂံမြို့အားကစားကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ဦး-ပုဂံမြို့တို့တွင် နွေရာသီအခြေခံအားစားသင်တန်းများအဖြစ် ဘောလုံး၊ ဝူရှူး၊ မြန်မာ့ သိုင်း၊ ရိုးရာ ခြင်း၊ Physical Fitness Dance၊ ဘော်လီဘော အစရှိသည့် အားကစားနည်း (၆)မျိုးကို ပုဂံမြို့ အားကစားကွင်းတွင်(၂၃-၃-၂၀၂၂)ရက်နေ့မှ (၆-၄-၂၀၂၂)ရက်နေ့အထိ (၁၅) ရက်တာ အခမဲ့သင်ကြားပေးခြင်းဖြစ်ကြောင်းသိရပြီး၊ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါသင်တန်းဆင်းပွဲတွင် ၊  မြန်မာ့သိုင်း၊ ဝူရှူးနှင့် Physical Fitness Dance အားကစား သင်တန်းသားများက သရုပ်ပြတင်ဆက်ကြ သည်။ ပြီးနောက် သင်တန်းတစ်ခုချင်းအလိုက် ညောင်ဦးခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်ညိုညိုထွေး(လက် ထောက်ညွှန်ကြားရေးမှူးနှင့် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော်(လက်ထောက်ညွှန်ကြားရေးမှူး) တို့က တစ်ခုချင်းအလိုက် သင်တန်းဆင်းလက်မှတ်များကို  အဖွဲ့ခေါင်းဆောင်များထံ တစ်ဦး ချင်းပေးအပ်သင်တန်းနည်းပြများကို ဂုဏ်ပြုလက်ဆောင်များပေးအပ်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ရုတ်သိမ်း လိုက်သည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ဌာနဆိုင်ရာများ၊ ညောင်ဦးခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ညိုညိုထွေးနှင့်တာဝန်ရှိသူများ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အားကစားနည်းပြများ၊ အားကစားဝါသနာ ရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုထိန်၊KPD