ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အေရိုးဗစ် သင်တန်းဆင်းပွဲ ကျင်းပ

ရွှေတောင် ဧပြီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီး ဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်၊ ကျန်းမာကြံ့ခိုင် စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော နွေရာသီအေရိုးဗစ် သင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လည်ပိုင်း က  လူထုအခြေပြု ဗဟိုဌာန Community Centre  ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ပြန်/ဆက်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်က သင်တန်းနည်းပြနှင့် သင်တန်းသို့ တက်ရောက်ပေးသော ကျောင်းသား၊ ကျောင်းသူလေးများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပြီး၊ အခြားသောသင်တန်းများ ဖွင့်လှစ်မှုများရှိလာပါက ပူးပေါင်းပါဝင်စေရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဗဟုသုတရနိုင်သော စာအုပ်စာပေများလည်း အခမဲ့ လာရောက် ဖတ်ရှုနိုင်ကြောင်း ပြောကြားခဲ့သည်။

သင်တန်းသား / သူ လေးများက သင်တန်းမှ သင်ကြားပေးသည့် ကကွက်များဖြင့် အေရိုးဗစ် (Fitness Dance) ကပြခဲ့သည်။

အဆိုပါ သင်တန်းသို့သင်တန်းသူ (၁၅) ဦးတက်ရောက်ပြီး သင်တန်းကာလ ၃ ရက်အတွင်း အခြေခံအေရိုးဗစ် ကကွက်များကို သင်ကြားပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)