သတင်းများ

ကြံခင်းမြို့တွင် မြို့နယ်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Apr 07,2022
ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် စီမံကိန်းများရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊  ဒေသန္တရစီမံကိန်းများ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Apr 07,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင်ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ် အထက်ရှိသူများနှင့် ဒေသခံပြည်သူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာစုရပ်များ၊ နေအိမ်များအရောက် ကွင်းဆင်းထိုးနှံခြင်းနှင့် မြို့အဝင်ဂိတ်တို့တွင် ထိုးနှံပေးခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေစဉ်ကာလအတွင်း မီးဘေးကြိုတင် ကာကွယ်ရေး လိုက်လံအသိပေး နှိုးဆော်
Apr 07,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေစဉ် ကာလအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရေး အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ ည ၇ နာရီမှစ၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော် ဆောင်ရွက်လျက်ရှိသည်။
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် “ရှေးဦးသူနာပြုစုနည်း” ခေါင်းစဉ်ဖြင့် Talk Show ကျင်းပ
Apr 07,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့စုတို့ ပူပေါင်း၍ “ရှေးဦးသူနာပြုစုနည်း” ခေါင်းစဉ်ဖြင့် Talk Show ကျင်းပဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒေန္တရ စီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားပြုလုပ်
Apr 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ရေးကော်မတီမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားပြုလုပ် ကျင်းပခဲ့သည်။
သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပရေး စီစဉ်ဆောင်ရွက်
Apr 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
တွံတေးမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီ ဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူများဖြေဆို
Apr 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ ကျောင်းသူ များမှ ယနေ့နံနက် (၉) နာရီ အချိန်ကစတင်၍ နေ့လယ် ၁၂ နာရီထိ ပထဝီဘာသာရပ်ကို ဖြေဆိုလျက်ရှိကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအရှိန်အဟုန်မြှင့်ဆောင်ရွက်
Apr 07,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်းပေါ်ရှိ ပင်လယ် ကြီး စုပေါင်းစစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း လက်မှတ်ရှိ/မရှိ စစ်ဆေးခြင်း၊ ကို ဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများကို ယနေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ ဆောင်ရွက်လျက်ရှိသည်။