နတ်တလင်း ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အသက်(၁၈) နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူများအား ကာကွယ်ဆေးထိုးအဖွဲ့များခွဲ၍ ကျေးလက် ကျန်းမာရေးဌာန နယ်မြေအလိုက် ကျန်းမာရေးဌာနခွဲများမှ ရပ်ကွက်/ကျေးရွာများအထိ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက နွားတဲကုန်းကျေးရွာအုပ်စုတွင် ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင် ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၇၇)အုပ်စုမှ အသက်(၁၈)နှစ်နှင့် အထက်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်အကျုံးဝင်သူ (၉၇၃၄၆)ဦးအား ဦးတည်အုပ်စု (၈၄)အုပ်စု သတ်မှတ်၍ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသူများကို ဆေးထိုးအဖွဲ့များခွဲ၍ မတ်လ(၂၈)ရက်နေ့မှစတင်၍ ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေးရာ၌ ယမန်နေ့တွင် လဲတောကျေးရွာ၌ ပြည်သူ (၂၂)ဦးအားလည်းကောင်း၊ လက်ခုပ်ပင်ကျေးရွာ၌ ပြည်သူ(၃၃)ဦးအား လည်းကောင်း၊ စမ်းချောင်းကျေးရွာ၌ ပြည်သူ(၄၄)ဦးအားလည်းကောင်း၊ အုတ်တန်း ကျေးရွာ၌ ပြည်သူ (၅၅)ဦး အား လည်းကောင်း၊ ချောင်းခွကျေးရွာ၌ ပြည်သူ(၉၉)ဦး တို့အားလည်ကောင်း ကျန်းမာရေး ဝန်ထမ်း များမှ ကွင်းဆင်းထိုးနှံပေးခဲ့ပြီး တစ်မြို့နယ်လုံး အတိုင်းအတာအနေဖြင့် ပြည်သူ (၈၉၇၂၀) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိခဲ့ရသည်။
ထိုသို့ကာကွယ်ဆေးထိုးလုပ်ငန်းခြင်းလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ Volunteer များမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး