၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ် ဆက်လက်ဖြေဆို

ရမည်းသင်း ဧပြီ ၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်တို့ကို ဧပြီ(၇)ရက် နံနက် ၉နာရီက တက္ကသိုလ်ဝင်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်အတွင်း အထက(၁) ပင်မနှင်တိုးချဲ စာစစ်ဌာန၊ အထက(၅)မြို့မ စာစစ်ဌာန၊ မြို့လှအထကစာစစ်ဌာန၊ သိမ်ကုန်းအထကစာစစ်ဌာန၊ ရွာတန်းအထက စာစစ်ဌာနနှင့်ရွှေဒါး အထက စာစစ်ဌာန စုစုပေါင်းစာစစ်ဌာန(၇)ခုရှိကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ် ဖြေဆိုရန်စာရင်းရှိ ကျောင်းသား (၃၃၈)ဦး၊ကျောင်းသူ ( ၃၈၁)ဦးစုစုပေါင်း (၇၁၉)ဦးရှိပြီး ဖြေဆိုသူကျောင်းသား (၃၀၇)ဦးနှင့်ကျောင်းသူ(၃၆၂)ဦး၊စုစုပေါင်း (၆၆၉)ဦးဖြေဆိုကာပျက်ကွက် ကျောင်းသား (၃၁)ဦး၊ ကျောင်းသူ (၁၉)ဦး စုစုပေါင်း (၅၀)ဦးရှိကြောင်း ရမည်းသင်းမြို့နယ် အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးစာရင်းအရ သိရသည်။

ဇော်ဝင်းအောင်(ပြန်/ဆက်)