သတင်းများ

တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်း စစ်ဆေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်
Apr 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများတွင် ညအချိန်များ၌ မီးဘေး အန္တရာယ် မဖြစ်ပေါ်စေရေး၊ မသင်္ကာဖွယ်ရာ ပစ္စည်းများမရှိစေရေးနှင့် စျေးများအတွင်း ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်
မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒ ဘာသာရပ်များတွင် ကျောင်းသားကျောင်းသူ (၈၄၃၀)ဦးဖြေဆိုပြီး
Apr 06,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒကို ယနေ့နံနက်ပိုင်းက ပြည်နယ်အတွင်းရှိ စာစစ်ဌာန(၄၆)ခု၌ ကျောင်းသားကျောင်းသူများအေးချမ်းစွာ ဖြေဆို ပြီးဖြစ်ကြောင်းသိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာတွဲနှစ်ခု ဖြေဆိုပြီးစီး
Apr 06,2022
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာဖြေဌာန(၃)ခုဖြင့် ကျင်းပပြုလျက်ရှိရာ အတွဲ(၁)၊ အတွဲ(၇) သင်ယူခဲ့ကြသော ကျောင်းသား/ကျောင်းသူများ ဖြေဆို ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ဘုတလင်မြို့နယ် Community Centre ခန်းမ၌ နိုင်ငံသား(မှတ်ပုံတင်)ကတ် အသိပညာပေး Talk Show ဟောပြောပွဲ ကျင်းပ
Apr 06,2022
စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်ဦးစီးမှူးရုံးနှင့် ဘုတလင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး  ဘယ်သွားသွား နိုင်ငံသား(မှတ်ပုံတင်)ကတ်ယူဆောင်သွားဖို့ မမေ့ကြရန် အသိပညာပေး Talk Show ဟောပြောပွဲကို ယနေ့  မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဘုတလင်မြို့နယ်ရုံး၊ လူထုအခြေုပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။ 
မြစ်ကြီးနားမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆဋ္ဌမနေ့ကို ဆက်လက်ဖြေဆို
Apr 06,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စာစစ်ဌာနအသီးသီးတွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့ နံနက် (၉)နာရီက အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ကျိုက်မရော၌ ကျား/မအခြေပြု အကြမ်းဖက်(Gender based Violence) ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ
Apr 06,2022
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော ကျား/မအခြေပြု အကြမ်းဖက်“Gender based Violence)” ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
၂၀၂၁-၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ငပလီမြို့၌ ကျောင်းသား/သူ( ၇၂၃)ဦး ဝင်ရောက်ဖြေဆို
Apr 06,2022
၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ ယနေ့နံနက် ၉ နာရီမှစတင်၍ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်သံတွဲမြို့နယ် ငပလီမြို့ရှိ စာစစ်ဌာန(၂)ခုတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆို လျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ငရုတ်ကောင်းမြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Apr 06,2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ငရုတ်ကောင်း/ဂျော်ရန်ဂျီဆက်သွယ်သော ချောင်းဝတံတား စီမံကိန်းအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။