သတင်းများ

ခရမ်းမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် သက်ဆိုင်သည့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ
Apr 07,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့ နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက "ပန်းခင်း” စီမံချက်ဖြင့် တိုင်းရင်းသား / ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုး ရရှိထုတ်ပေးနိုင်ရေး အတွက်ရပ်ကွက်၊ ကျေးရွာများသို့
ကလိန်အောင်မြို့တွင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ဆောင်ရွက်
Apr 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချ
ပလောက်မြို့တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိူး
Apr 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ စိုက်ပျိူးရေးဦးစီးဌာနမှ မိုးကြိုကာလ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့ နံနက် (၈) နာရီက ပြည်ခြားကျေးရွာအုပ်စု၊ ဝါးကုန်းကျေးရွာရှိ ကွင်းအမှတ်(၇၁၂-က) ရွှေဝတ်ကုန်းရှိ  တောင်သူဒေါ်ခင်ဌေး၏ လယ်ယာမြေတွင် ကျင်းပခဲ့သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Apr 07,2022
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။
ပိုင်ကျုံမြို့တွင် အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ်ဝင်စာမေးပွဲ (ပထဝီဝင်) ဘာသာရပ် ဆက်လက်ဖြေဆို
Apr 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ စာ‌ဖြေဌာနအသီးသီးတွင် ယနေ့နံနက်၉နာရီ အချိန်တွင် သက်ဆိုင်ရာစာ‌ဖြေဌာနအသီးသီး၌ (ပထဝီဝင်) ဘာသာရပ်ကို စိတ်အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိ‌ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ နွေစပါး (၅၅၃)ဧက စိုက်ပျိုးမည်ဖြစ်
Apr 07,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မင်းရဲဆည်၊ သင်းတွဲဆည်၊ ဇီတောဆည်၊ စက်ရေတွင်းရေများဖြင့် နွေစပါးစိုက်ဧက (၅၅၃)ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး နွေစပါးများ စတင်ပျိုးထောင်စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေများပေးဝေနေပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှစံပြကျေးရွာနှင့်တဲဘုံမတဲတိုက်သို့သောက်သုံးရေ ၃၂၀၀ ဂါလံလှူဒါန်း
Apr 07,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် အင်ကြင်းမြိုင်တဲတိုက်သို့ဧပြီ၇ရက်၊နံနက် ၁၀နာရီအချိန်က သောက်သုံး ရေဂါလံ၃၂၀၀ သွား ရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်းထံက သိရသည်။
တနင်္သာရီမြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ(ပထဝီဝင်) ဘာသာအား စာစစ်ဌာန(၂)ခုတွင် (၁၇)ဦးတို့က ဆက်လက်ဖြေဆို
Apr 07,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင်၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ရက်နေ့မှ စတင်၍ အေးချမ်းစွာဖြေဆို လျက်ရှိကြရာ ယနေ့ ဧပြီလ ၇ရက်နေ့တွင် သတ္တမမြောက်နေ့အဖြစ် အထက-တနင်္သာ ရီနှင့် အထက-ညောင်ပင်ကွင်း စာစစ်ဌာန (၂)ခုအတွင်း အတွဲ(၂) (ပထဝီဝင်)ဘာသာအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်း လမ်းများနှင့်အညီ အေးချမ်းစွာဖြေဆိုခဲ့ကြကြောင်း သိရသည်။