ဘုတ်ပြင်းမြို့နယ်တွင်  မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းနှင့် (191) စတေကာများကပ်နှိပ်ခြင်းများပြုလုပ်ဆောင်ရွက်

ဘုတ်ပြင်း    ဧပြီ    ၇


တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင်  မြို့နယ်မီးသတ်ဦးစီးဌာနမှ  မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ ခြင်းနှင့် (191) စတေကာများကပ်နှိပ်ခြင်းများ ယမန်နေ့က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးလုံခြုံရေး လက်ကမ်းစာစောင်တွင် မီးလောင်ကျွမ်းခြင်း၊ မီးသတ်ဆေးဗူး အသုံးပြုပုံ မီးသတ်ယာဉ်များ အမြန်ဆုံး လာရောက်ငြှိမ်းသတ်နိုင်ရေးအတွက် သတင်းပေးပို့သင့်ပုံ၊ ကားတိုင်း တွင် မီးသတ် ဆေးဗူးဆောင်ထားသင့်ပုံ၊ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့လျင် ဆက်သွယ် ရမည့် ဖုန်းနံပါတ်များ၊ ဓာတ်ဆီဖြည့်/ ဓာတ်ဆီဖလှယ်လျှင် သတိထားသင့်သော အကြောင်းအရာ များ၊ အပြင်သွားမည်ဆိုပါက မီးဖို၌ မီးကြွင်း၊ မီးကျန် စစ်ဆေးသင့်ပုံ၊ ဆေးလိပ်သောက်သောသူများ သတိထားလိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများနှင့် မီးဘေးနှင့် သဘာဝအန္တရာယ်ဖြစ်ပွား ပါက (၂၄)နာရီ အကူညီတောင်းခံနိုင်ရန်အတွက် မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရန် ဖုန်းနံပါတ် (191) စတေကာများကပ်နှိပ်ပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ၊ ဖြန့်ဝေခြင်းများကို ဘုတ်ပြင်း မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြူဖြူသိန်း