သတင်းများ

မန်တုံမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Oneline မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်
Apr 07,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ကလေးငယ်များအတွက် အသိပညာ၊ ဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ Oneline မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူး၍ မြို့နယ်ပြည်သူ့စာကြည့်တိုက် Page တွင် တင်ဆက်ပေးလျက်ရှိသည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၄၈၂၂ )ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ
Apr 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃာ့ဒါနဆွမ်းလောင်း အသင်း၏ (၄၈၂၂) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့တွင် နွေရာသီ စစ်တုရင်(အလွတ်တန်း)ပြိုင်ပွဲ ကျင်းပ
Apr 07,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က နွေရာသီစစ်တုရင်(အလွတ်တန်း) ပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အေရိုးဗစ် သင်တန်းဖွင့်လှစ် သင်ကြား
Apr 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးဖို့ အေရိုးဗစ်သင်တန်းကို ယမန်နေ့ ၁ နာရီအချိန်တွင် ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ ဒုတိယနေ့ ပန်းချီနှင့်တီထွင်ဖန်တီးမှုပညာ ဆင့်ပွားသင်တန်း ဖွင့်လှစ်
Apr 07,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ဒုတိယနေ့ ပန်းချီနှင့် တီထွင်ဖန်တီးမှုပညာ ဆင့်ပွားသင်တန်းကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
သဲကုန်းမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Apr 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ် ၂နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမတွင် ကျင်းပခဲ့​ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ပြင်ဦးလွင်မြို့ရှိ  စာစစ်ဌာနများတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအား လိုက်လံကြည့်ရှု
Apr 07,2022
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုသည် ပြင်ဦးလွင်မြို့ရှိ စာစစ်ဌာနများ၌   ၂၀၂၂    ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဝင်ရောက်ဖြေဆိုနေမှုအား ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့၌ မွေးကင်းစမှ အသက် ၂နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများဆောင်ရွက်
Apr 07,2022
ရှမ်းပြည်နယ် (မြောက်င်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မိုင်းငေါ့တိုက်နယ် ကျန်းမာရေးဌာန၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေး ခဲ့ပါသည်။