မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Apr 07,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် Book Club (စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း) တို့ ပူးပေါင်းကျင်းပသော ဆရာမ နုနုကြည် (အမေ့အိမ်) ၏ နန်းထိုက်တော်ဝင် ဆေးဂုဏ်ထင်သည့် မြန်မာ့သနပ်ခါး စာအုပ်အား ရေးသူ၊ ဖတ်သူဆွေးနွေးသည့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။