ဟင်္သာတမြို့နယ်အတွင်းကျေးရွာ (၈)ရွာမှ လေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ ပစ္စည်းနှင့် ငွေများပေးအပ်
May 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာများတွင် (၁-၅-၂၀၂၂) ရက်နေ့ ညနေပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ကြပ်ကလေးအုပ်စု၊ ရှားဖြူကုန်း အုပ်စု၊ ကြခတ်ကွင်းအုပ်စု၊ အဒါးဆင်ခေါင်းကျေးရွာ အုပ်စုများအတွင်းရှိ ကျေးရွာခွဲ(၈)ရွာတွင် ပြိုကြပျက်စီးခဲ့ရသော အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများနှင့် လူသုံးကုန် ပစ္စည်းများ ပေးအပ်ထောက်ပံ့ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာများတွင် ပြုလုပ်ခဲ့သည်။