Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန်(omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်
May 03,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်စာရေးများက ပူးပေါင်းပြီး မေလ ၃ ရက်၊ ယနေ့နံနက် ၈ နာရီက ကျိုက်ဒုံမြို့ အမှတ် ၃ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန် (omicron) ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းငေါ့မြို့တွင် အသက် (၄၀)နှစ် အထက်ပြည်သူ (၁၁၀)ဦးအား Booster အပိုဆောင်းကာကွယ်ဆေးထိုးနှံပေး
May 03,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ယမန်နေ့ နံနက် (၁၀)နာရီ အချိန်ခန့်က Booster အပိုဆောင်းကာကွယ်ဆေးကို အသက်(၄၀)နှစ်အထက် ပြည်သူ (၁၁၀)ဦး အား အပိုဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်တွင်းဘုရားဖူးဧည့်သည်များ ပုဂံခရီးစဉ်ဒေသလှည့်လည်ပြသရေးဆိုင်ရာ လုပ်ငန်းခွင်အသိပညာပေးရှင်းလင်းပွဲ ဖွင့်ပွဲအခမ်း အနား ကျင်းပ
May 03,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပြည်တွင်းဘုရားဖူးဧည့်သည်များပုဂံခရီးစဉ်ဒေသ လှည့်လည်ပြသရေးဆိုင်ရာ လုပ်ငန်းခွင် အသိပညာပေးရှင်းလင်းပွဲ ဖွင့်လှစ်ခြင်း အခမ်းအနားအား ယမန်နေ့ နံနက် ၈နာရီ အချိန်က ရွှေစည်းခုံဘုရားမြောက်ဘက်၊ ရွှေဥမင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်၌(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဟာမြတ်မုနိဘုရားကြီးတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်
May 03,2022
၂၀၂၂ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွှဲပိုင်းက မြို့ကျက်သရေဆောင် မဟာမြတ်မုနိဘုရားကြီးတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)၌ အခြေခံကွန်ပျူတာသင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်းများ ဖွင့်လှစ်
May 03,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ပညာရေးနှင့်အသက်မွေးဝမ်းကျောင်း လုပ်ငန်းကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်းများ၏ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခန့်က အစိုးရနည်းပညာ အထက်တန်းကျောင်း(ဘားအံ)၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေးပြုလုပ်
May 03,2022
၂၀၂၂ ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့နေ့ကို ကြိိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း၊ ဟိုပန်မြို့နယ် မီးတပ်တပ်ဖွဲ့ဝင်များမှ ယမန်နေ့ မွန်းလွဲ ၂ နာရီက မြသိန်းတန် ပရိယတ္တိစာသင်တိုက်ကျောင်းဝန်း၌ စုပေါင်းသန့်ရှင်းရေးများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂ခုနှစ် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 03,2022
၂၀၂၂ခုနှစ် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဏ္ဍပ်များဆောက်လုပ်ရေးနှင့် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၃) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်လင်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်
May 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား အွန်လိုင်းမှတစ်ဆင့်အသိပညာပေးလုပ်ငန်းများကို တင်ဆက်လျက်ရှိရာ ယမန်နေ့ နံနက် (၁၀) နာရီက သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ Talk Show ကို Community Centre ခန်းမတွင် ပြုလုပ်ပါသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18651
Page
18652
Page
18653
Page
18654
Current page
18655
Page
18656
Page
18657
Page
18658
Page
18659
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department