(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်မြို့ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့်သွေးလှူဒါန်း

ပြည် မေ ၂

၂၀၂၂ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့များက  ယမန်နေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ခုတင်၅၀၀ အထွေထွေရောဂါကု ဆေးရုံ ကြီး၌ သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် သွေးလှူဒါန်းခြင်းအကျိုးပြုလုပ်ငန်းများ စုပေါင်း ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ပြည်ခရိုင်မီးသတ်ဦးစီးမှူး ဦးမြင့်နိုင်ထွန်း၏ စီမံညွှန်ကြားမှုဖြင့် ပြည်မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်းစိုးနှင့် ခရိုင်အတွင်းမြို့နယ်များမှ မီးသတ်ဦးစီးမှူးများဦးဆောင်သော သ‌န္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူ့ ဆေးရုံကြီးဝင်းအတွင်းရှိ ရေ‌နုတ်မြောင်းများသန့်ရှင်းရေးပြုလုပ်ခြင်း၊ သစ်ကိုင်းများ၊ ချုံနွယ်ပေါင်းမြက်များနှင့် အမှိုက်သရိုက်များခုတ်ထွင်ရှင်းလင်းတို့ကို စုပေါင်း ဆောင်ရွက်ခဲ့ကြပြီး ဆေးရုံကြီးသွေးလှူဌာန၌ ဇိဝိတဒါန စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း ပြည်ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)