ပုံပါကျင်မြို့ Community Centre ခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲ၊ အရုပ်နှင့်စာတွဲနည်းပြိုင်ပွဲ၊ အရုပ်ခေါက်ပြိုင်ပွဲ နှင့်နံရံကပ်ပြပွဲများ ကျင်းပပြုလုပ်

ပုံပါကျင် မေ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ Community Center ခန်းမ၌ ယနေ့နံနက် (၁၀:၃၀)နာရီအချိန်၌ ကဗျာရွတ်ပြိုင်ပွဲ၊ အရုပ်နှင့်စာတွဲနည်း ပြိုင်ပွဲ၊ အရုပ်ခေါက်ပြိုင်ပွဲနှင့် နံရံကပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့‌သည်။

ကလေးသူငယ်များအား အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်နှင့် ဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများနှင့်ပြပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများတွင် ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်ရရှိသည့် ကျောင်းသား/ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပုံပါကျင်(ပြန်/ဆက်)