သတင်းများ

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ သင်တန်းနှင့်ပက်သက်သည့်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
May 03,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ အိမ်တွင်းမှုပညာရပ်များနှင့် ပက်သက်သည့် သင်တန်းအသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်ပိုင်းကဖြန့်ဝေပေးခဲ့သည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်)၊ ဗဟိုအဆင့် နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
May 02,2022
ပညာရေးဝန်ကြီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်)၊ ဗဟိုအဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က ဇမ္ဗူသီရိမြို့နယ်၊ ‌ရွှေကြာပင်ရပ်ကွက်၊ အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်းရှိ ဇမ္ဗူရွှေကြာခန်းမတွင်ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးဇေယျာလင်း၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် သင်တန်းနည်းပြ ဆရာ/ ဆရာမများ၊ တိုင်းဒေသကြီး ပြည်နယ်များရှိ အခြေခံပညာကျောင်းများမှ သင်တန်းသား/သူ ဆရာ/ ဆရာမများ စုစုပေါင်း (၆၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
မက်မန်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး(Talk Show) ပြုလုပ်
May 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ပြည်သူများမီးဘေးအန္တရာယ် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show)ကို ယနေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ ပြုလုပ်သည်။
လားရှိုးမြို့မှ ဒေသအသီးသီးသို့ သယ်ယူပို့ဆောင်ရေးဆောင်ရွက်သည့် ယာဉ်လိုင်းများနှင့် တွေ့ဆုံပွဲကျင်းပ
May 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့မှ ဒေသအသီးသီးသို့ သယ်ယူပို့ဆောင်ရေးဆောင်ရွက်သည့် ယာဉ်လိုင်းတာဝန်ရှိသူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တွေ့ဆုံပွဲအခမ်းအနားကို လားရှိုးမြို့၊ ကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀)နာရီ အချိန်ကကျင်းပခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်၌ “မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေး” Talk Show ကျင်းပ
May 02,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက “မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်၌ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်လှစ်သင်ကြား
May 02,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ရှားတောကျေးရွာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်‌နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ကာ အခြေခံအပ်ချုပ်စက်သင်တန်းကို ယနေ့နံနက် ၁၁ နာရီခွဲက အဆိုပါကျေးရွာရှိ စိုက်ပျိုးစီးပွား အသိပညာပေး စင်တာ(KC)ခန်းမတွင် ဖွင့်လှစ်ပေးခဲ့သည်။
ပူတာအိုခရိုင်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာ၀န်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 02,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းကို ရေးဆွဲရာတွင် မိမိတို့၏ ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးမူဝါဒများ၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့် မဟာဗျူဟာများအပေါ် အခြေခံပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ဦးစားပေးလုပ်ငန်းအစီအစဉ်များ၊ စီးပွားရေးမူဝါဒ ရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်း အနားကို ယနေ့ မွန်းလွဲ(၁)နာရီက ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ညောင်ရွှေစာဖြေဌာန၌ အစိုးရဓမ္မာစရိယစာမေးပွဲ ဒုတိယနေ့ ပါရာဇိကဘာသာ ဆက်လက်ဖြေဆို
May 02,2022
အစိုးရဓမ္မာစရိယစာမေးပွဲ ဒုတိယနေ့ (ပါရာဇိကဘာရပ်) ဖြေဆိုခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက  ညောင်ရွှေမြို့၊ စိန်ရတုပုစ္ဆကကျောင်းဆောင်၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။