ဟင်္သာတ မေ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာများတွင် (၁-၅-၂၀၂၂) ရက်နေ့ ညနေပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ကြပ်ကလေးအုပ်စု၊ ရှားဖြူကုန်း အုပ်စု၊ ကြခတ်ကွင်းအုပ်စု၊ အဒါးဆင်ခေါင်းကျေးရွာ အုပ်စုများအတွင်းရှိ ကျေးရွာခွဲ(၈)ရွာတွင် ပြိုကြပျက်စီးခဲ့ရသော အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများနှင့် လူသုံးကုန် ပစ္စည်းများ ပေးအပ်ထောက်ပံ့ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာများတွင် ပြုလုပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဒုတိယဗိုလ်မှုးကြီး နေလင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီဌာနမှ တာဝန်ရှိများက ပြိုကျအိမ်ခြေ (၄)လုံး၊ တစ်စိတ် တစ်ပိုင်း ပျက်စီးအိမ်ခြေ (၁၂)လုံးတို့မှ အိမ်ထောင်စုများနှင့် ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း တို့အတွက် ထောက်ပံ့ငွေစုစုပေါင်း (၁၄၄၇၃၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ၄ ပုံးတို့ကို ကျေးရွာနေအိမ်များအရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဇော်-ဟင်္သာတ